အေဘရာဟမ်ကို ပေါင် ၁၁ သန်းဖြင့် အပြီးသတ်ဝယ်ယူပြီး ဗီလာထံ ထပ်မံ ရောင်းချရန် ပြင်နေတဲ့ ဘီဆစ်တပ်
====================
ဘီဆစ်တပ်ဟာ တမ်မီအေဘရာဟမ်အား ရိုးမားထံမှ ပေါင် ၁၁.၂ သန်းဖြင့် အပြီးသတ် ဝယ်ယူပြီး အက်စတွန်ဗီလာထံ ထပ်ဆင့်ရောင်းချရန် စီစဉ်နေပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ သောကြာနေ့တွင် ဗြိတိန်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် စနေနေ့တုန်းက ဆေးစစ်ဆေးမှု ခံယူခဲ့ပါတယ်။
ဘီဆစ်တပ်ဟာ ဗီလာဘက်က ပေါင် ၁၈ သန်းဖြင့် အပြီးသတ် ဝယ်ယူရန် သဘောတူညီလာမှုနှင့်အတူ ယခုကဲ့သို့ ရိုးမားထံမှ အပြီးသတ်ဝယ်ယူပြီး ရောင်းချလာမှာလည်း ဖြစ်ပါတယ်။
အင်္ဂလန်အတွက် ၁၁ ပွဲကစားထားတဲ့ အေဘရာဟမ်ဟာ ဘီဆစ်တပ်အတွက် ၂၄ ပွဲ ကစားခဲ့ရာမှာ ၁၂ ဂိုးသွင်းပေးထားသူ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ ဘီဆစ်တပ်ဟာ ၂၀၂၁ ခုနှစ်တွင် ချဲလ်ဆီးမှ ရိုးမားသို့ ပေါင် ၃၄ သန်းဖြင့် ပြောင်းရွှေ့ပြီးနောက် ပွဲ ၁၂၀ ကစားကာ ၃၉ ဂိုးသွင်းယူပေးခဲ့ကာ ၂၀၂၂ ခုနှစ် ကွန်ဖရင့်လိဂ်ဖလား ရရှိအောင် ကူညီခဲ့ပါတယ်။
သူဟာ ၂၀၂၄-၂၅ ရာသီတုန်းက အေစီမီလန်သို့ အငှားဖြင့် သွားကစားစဉ် ၄၄ ပွဲကစားခဲ့ရာမှာ ၁၀ ဂိုးသွင်းယူခဲ့ပါတယ်။
သူဟာ ၂၀၁၈-၁၉ ရာသီတုန်းက ဗီလာသို့ အငှားဖြင့် သွားကစားစဉ် ၃၇ ပွဲတွင် ၂၅ ဂိုးသွင်းကာ ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်ရေး ကူညီခဲ့သူ ဖြစ်ပါတယ်။