ခံစစ်ပြဿနာကြုံနေရမှုကြောင့် အမေ့ခံ နောက်ခံလူအား အငှားချထားရာမှ ပြန်ခေါ်ကာ ဖြေရှင်းလာတဲ့ ချဲလ်ဆီး
======================

ချဲလ်ဆီးဟာ ဒေါ့မွန်တွင် အငှားချထားတဲ့ နောက်ခံလူအေရွန်အန်ဆယ်မီနိုအား ပြန်လည်ခေါ်ယူလာပါတယ်။
အသက် ၂၀ နှစ်ရှိ အာဂျင်တီးနားနောက်ခံလူဟာ ဂျာမနီတွင် အငှားဖြင့် သွားကစားစဉ် ခြေစွမ်းပြကစားနေသူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဗဟိုခံစစ်ပြဿနာ ကြုံနေရမှုအား အပူတပြင်းဖြေရှင်းရန် လိုအပ်နေမှုနှင့်အတူ အန်ဆယ်မီနိုအား ပြန်လည်ခေါ်ယူလာတာပါ။
အန်ဆယ်မီနိုဟာ ဒေါ့မွန်အတွက် ပထမဆုံးကစားတဲ့ ပွဲစဉ်တွင် လှပတဲ့ လျှောထိုးဖျက်ထုတ်မှု ပြုလုပ်နိုင်ခဲ့မှုနှင့်အတူ ဒေါ့မွန်ပရိသတ်များရဲ့ “El Tackle” လို့ ချစ်စနိုးခေါ်ဝေါ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။
ဒေါ့မွန်ဟာ နွေရာသီတွင် နစ်ကလပ်စ်ဆူးအား လက်လွှတ်ရမှာ ဖြစ်လို့ အန်ဆယ်မီနိုကို လာမယ့်ရာသီအထိ ဆက်ထိန်းထားလိုခဲ့ပေမယ့်လည်း ယခုအခါ ဇန်နဝါရီတွင်ပင် လက်လွှတ်လာရပြီ ဖြစ်ပါတယ်။
အန်ဆယ်မီနိုဟာ ဒေါ့မွန်တွင် ဘွန်ဒက်စ်လီဂါအတွေ့အကြုံအပြင် ချန်ပီယံလိဂ်အတွေ့အကြုံလည်း ရရှိလာသူ ဖြစ်ပြီး ချဲလ်ဆီးရဲ့ ဘယ်ခြမ်းဗဟိုခံစစ်အတွက် ရွေးချယ်စရာတစ်ဦး ဖြစ်လာပါမယ်။
ချဲလ်ဆီးဟာ ရန်းနက်စ်နောက်ခံလူဂျီရီမီဂျက်ကေးအား ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမယ့်လည်း ပြောင်းရွှေ့ကြေးများစွာ တောင်းဆိုခြင်းခံရမှုနှင့်အတူ အငှားချထားတဲ့ ကစားသမားအား ပြန်လည်ခေါ်ဆောင်ကာ ဖြေရှင်းလာတာပါ။

image