1 ရက် - ဘာသာပြန်ပါ။

အသင်းကို ၆ လသာ ကိုင်တွယ်ရသေးတဲ့ နည်းပြစီဖူရန်တီကို လက်စတာ ထုတ်ပယ်
=================

လက်စတာဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားအလယ်ပိုင်းတွင် ရုန်းကန်နေရပြီးနောက် အသင်းကို ၆ လသာ ကိုင်တွယ်ရသေးတဲ့ နည်းပြမာတီစီဖူရန်တီကို ထုတ်ပယ်လာပါတယ်။
အသက် ၄၁ နှစ်ရှိ နည်းပြဟာ စနေနေ့တုန်းက အိမ်ကွင်းတွင် အသင်းငယ်လေးအောက်စ်ဖို့ဒ်ယူနိုက်တက်အား ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် စီဖူရန်တီအား ထုတ်ပယ်လာတာလည်း ဖြစ်ပါတယ်။
လက်စတာဟာ ယင်းရှုံးပွဲကြောင့် စပိန်နည်းပြလက်ထက် ချန်ပီယံရှစ် ၂၉ ပွဲတွင် ၁၁ ပွဲမြောက် ရှုံးပွဲကြုံခဲ့ရပါတယ်။
လက်စတာဟာ ပရီးမီးယားလိဂ်မှ တန်းဆင်းရပြီးနောက် ဇူလိုင်လတွင် ပရီးမီးယားလိဂ်သို့ ပြန်တက်ရေး ရည်မှန်းချက်ဖြင့် စီဖူရန်တီအား ခန့်အပ်ခဲ့ပေမယ့် ပလေးအော့ဖ်နှင့် ၆ မှတ်အကွာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေရပါတယ်။
လက်စတာဟာ ၂၀၂၃ ခုနှစ် ဧပြီလတွင် ဘရန်ဒန်ရော်ဂျာအား ထုတ်ပယ်လိုက်ပြီးနောက် ခြောက်ဦးမြောက် အမြဲတမ်းနည်းပြအား ရှာဖွေလာရတာလည်း ဖြစ်ပါတယ်။
လက်စတာဟာ စီဖူရန်တီလက်ထက်တွင် ၂ ပွဲဆက် နိုင်ပွဲ ၂ ကြိမ်သာ ရရှိခဲ့ပြီး ဩဂုတ်လနှောင်းပိုင်းမှ အောက်တိုဘာလလယ်ပိုင်းအထိ ၈ ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမယ့်လည်း ၅ ပွဲသရေကျခဲ့ပါတယ်။
လက်စတာဟာ နည်းပြသစ်ရှာဖွေနေစဉ်အတွင်း ပထမအသင်းနည်းပြအင်ဒီကိန်းအား ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။
၎င်းတို့ဟာ လာမယ့် ချန်ပီယံရှစ်ပွဲစဉ်အဖြစ် စနေနေ့တွင် ချာလ်တန်အား အိမ်ကွင်းတွင် ဧည့်ခံကစားရပါမယ်။

image