ပျက်ကျ အင်ဒိုလေယာဉ်ငယ်မှ ၁၀ ဦး၏ အလောင်းများ တွေ့ရှိ

ငါးလုပ်ငန်း အရင်းအမြစ်များကို စူးစမ်းလေ့လာရန် ထွက်ခွာခဲ့ကာ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဆူလာ‌ဝေဆီပြည်နယ် တောင်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့သော လေ ယာဉ်နှင့် လိုက်ပါသွားသူ ၁၀ ဦး စလုံး၏ အလောင်းများကို ကယ် ဆယ်ရေးသမားများက ယနေ့ ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား ရှာဖွေရေးကယ်ဆယ်ရေး အေဂျင်စီက ပြောသည်။
သေဆုံးသူ ရုပ်အလောင်းများကို အာဏာပိုင်များက ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့သည်ဟု ဆူလာဝဆီ ကယ်ဆယ်ရေး အရာရှိတစ်ဦးဖြစ်သူ အန်ဒီဆူလ်တန်က ဗီဒီယိုထုတ်ပြန်ချက်တွင် မျက်ရည်စက်လက်ဖြင့် ပြောကြားပြီး ကယ် ဆယ်ရေးများ ဆက်လုပ်နေသည်ဟု ဆိုသည်။
သေဆုံးသူ ၁၀ ဦးစလုံးကို ရှာဖွေတွေ့ရှိပြီ ဖြစ်ကြောင်း အေ ဂျင်စီကလည်း အင်စတာဂရမ်တွင် သီခြား ပြောသည်။
မြို့တော် ဂျကာတာမှ မိုင်ပေါင်း ၉၃၀ ခန့်ဝေးသော မားရော့စ်ဒေသ၊ ဘူလာဆာရောင်းတောင်တစ်ဝိုက် မတူညီသောနေရာများ၌ ပျက်စီးနေသော လေယာဉ်အပိုင်းအစများကို ကယ်ဆယ်ရေးသမားများက အစောပိုင်းတွင် တွေ့ရှိခဲ့သည်
ပျက်ကျသွားသော လေယာဉ်မှ ခရီးစဉ်မှတ်တမ်းတင်ကိရိယာ (black box) မှ အချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း အင်ဒိုနီးရှား အမျိုးသားသယ် ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေး‌ကော်မတီ (KNKT) အကြီးအကဲက ဒေသခံမီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း (IAT)က ပိုင်ဆိုင်သော ATR 42-500 လေယာဉ်သည် ပြီးခဲ့သည့် စနေနေ့ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခွဲခန့်က ဆူလာဝဆီတောင်ပိုင်း၊ မား‌ရော့စ်ဒေသတွင် လေကြောင်း ထိန်းသိမ်း‌ရေးစင်တာနှင့် အဆက်ပြတ်သွားခဲ့သည်။
ရေပြင်ငါးအရင်းအမြစ်များကို လေ့လာတိုင်းတာရန် အင်ဒိုနီးရှား ရေကြောင်းနှင့် ငါးလုပ်ငန်းဝန် ကြီး ဌာနက ငှားရမ်းခဲ့သော လေယာဉ်ပေါ်တွင် အရာရှိသုံးဦးနှင့် လေယာဉ်ဝန် ထမ်းခုနစ်ဦး လိုက်ပါခဲ့သည်။

image