ကန်ချနဘူရီခရိုင်မှ မြန်မာနိုင်ငံသား၁၆၄ ဦးအား ပြန်လည်ပို့ဆောင်
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှ မြန်မာနိုင်ငံသား၁၆၄ ဦးအား ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ပြန်လည်ပို့ဆောင်ခဲ့ကြောင်ထိုင်းသတင်း၏ ဖော်ပြချက်အရ သိရသည်။
၎င်းတို့အား ကန်ချနဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနတို့နှင့် ပူးပေါင်း၍မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံအတွင်းမှ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး၎င်းပို့ဆောင်ခြင်းကို ကန်ချနဘူရီခရိုင် သံဖြူဇရပ်လမ်းကြောင်းဘက်ရှိ စံခလပူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စု အမှတ် (၉) ရပ်ကွက် ဘုရားသုံးဆူကျေးရွာရှိကူးသန်းရောင်းဝယ်ရေးဂိတ် (၁၁) ၌ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။
ဇန်နဝါရီ ၆ ရက်မှ ဇန်နဝါရီ ၂၂ ရက်အထိ ထိုင်းနိုင်ငံသို့ နယ်စပ်မှ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၃၃၆ ဦးကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ရဲတပ်ဖွဲ့နှင့်နယ်ခြားစောင့်တပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။