ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိ-မ်လည်လေ-ာင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိ-မ်လည်လေ-ာင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယနေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ်ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံတွင်ကျန်ရှိသည့် မြန်မာနိုင်ငံသားများကိုလည်း အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image