ချစ်သူသစ်အား တရားဝင်ကြေညာပြီးနောက် ကလပ်သစ်သို့ ပြောင်းရွှေ့လာတဲ့ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးဘောလုံးမယ်
=====================

အလီရှာလေမန်းဟာ လက်စတာသို့ ပြောင်းရွှေ့ကာ အင်္ဂလိပ်ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာပါတယ်။
အသက် ၂၇ နှစ်ရှိ ဆွစ်ဇာလန်လက်ရွေးစင်ကစားသမားဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဗီလာမှ ထွက်ခွာကာ အီတလီဘောလုံးလောကတွင် ကျင်လည်ပြီးနောက် လက်စတာနှင့် ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုလာတာလည်း ဖြစ်ပါတယ်။
သူမဟာ ချစ်သူဟောင်းဒေါက်ကလပ်လူးဝစ်ဇ်နှင့်အတူ ဂျူဗင်တပ်သို့ အတူ ပြောင်းခဲ့ပေမယ့် ၂၀၂၄ ခုနှစ်တွင် ကိုမိုသို့ ပြောင်းကစားခဲ့ပါတယ်။
လေမန်းဟာ ယခင်တုန်းက အင်္ဂလိပ်ကလပ်များဖြစ်ကြတဲ့ ဝက်စ်ဟမ်း၊ အဲဗာတန်တို့တွင်လည်း ကစားခဲ့သူ ဖြစ်ပါတယ်။
သူမဟာ ယခင်တုန်းက အမျိုးသမီးနှင့်လည်း ချစ်ကြိုက်ဖူးသလို နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်ကစားသမားဒေါက်ကလပ်လူးဝစ်ဇ်နှင့်လည်း နှစ်အတန်ကြာ ချစ်ကြိုက်ဖူးတာကြောင့် နှစ်ဖက်ချွန်လို့ သတ်မှတ်ခံထားသူ ဖြစ်ပါတယ်။
သူမဟာ လက်စတာသို့ ပြောင်းကြောင်း မကြေညာမီ ချစ်သူသစ် Love Island စတားဟောင်း မက်ကန်ဇီနှင့် တွဲနေပြီ ဖြစ်ကြောင်း အင်စတာဂရမ်တွင် တရားဝင်ကြေညာခဲ့ပါတယ်။
မက်ကန်ဇီဟာ ဗုဒ္ဓဟူးနေ့တုန်းက သူ့မွေးနေ့တွင် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးဘောလုံးမယ်အဖြစ် သတ်မှတ်ခံထားရတဲ့ လေမန်းနှင့် တွဲရိုက်ထားတဲ့ ဓာတ်ပုံများကို အင်စတာဂရမ်တွင် တင်လာတာလည်း ဖြစ်ပါတယ်။

image