3 ရက် - ဘာသာပြန်ပါ။

ကစားသမားဘဝမှ အနားယူပြီးနောက် စီးပွားရေးလောကသို့ ဝင်ရောက်လာတဲ့ ချဲလ်ဆီးစတားဟောင်းဟာဇက်
=====================

အေဒင်ဟာဇက်ဟာ ကစားသမားဘဝမှ အနားယူပြီးနောက် ဝိုင်လောကသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံစတားဟောင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားတဲ့ ခုနှစ်နှစ်တာကာလအတွင်းတွင် အံ့မခန်းခြေစွမ်းကောင်းများစွာ ပြသခဲ့သူ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်ရှိ ဟာဇက်ဟာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးပြီးနောက် ၂၀၁၉ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့ ပေါင်သန်း ၉၀ ဖြင့် ပြောင်းသွားခဲ့ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်မှာတော့ ဒဏ်ရာပြဿနာများစွာ ကြုံရကာ ၂၀၂၃ ခုနှစ်တွင် ကစားသမားဘဝမှ စောစောစီးစီး အနားယူခဲ့ရပါတယ်။
ယခုအခါ ဟာဇက်ဟာ အီတလီဝိုင်သူဌေးဖေဘီယိုကော်ဒယ်လာနှင့် ပူးပေါင်းကာ ကိုယ်ပိုင်ဝိုင်ထုတ်လုပ်လာတော့မှာ ဖြစ်ပါတယ်။
၎င်းတို့ဟာ အီတလီထွက် စပျစ်ဖြင့် ဝိုင်ထုတ်လုပ်ကာ အီတလီတွင် ရောင်းချလာမှာ ဖြစ်သလို လာမယ့်လတွင် ဘယ်လ်ဂျီယံမှာလည်း ရောင်းချလာပါမယ်။
အသက် ၅၀ နှစ်ရှိ ကော်ဒယ်လာဟာ ဘယ်လ်ဂျီယံကလပ် ယူနီယံစိန့်ဂယ်လွိုက်စ်အပါအဝင် ကလပ်များတွင် အားကစားဒါရိုက်တာအဖြစ် အလုပ်လုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ကော်ဒယ်လာရဲ့ ဝိုင်ကုမ္ပဏီဟာ ယခင်တုန်းက ရော်နယ်ဒင်ဟို၊ ဘူဖွန်အပါအဝင် စတားကစားသမားများနှင့် ပူးပေါင်းကာ ဝိုင်ထုတ်လုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဟာဇက်ဟာ ၂၀၁၂ ခုနှစ်တွင် လိုင်လီမှ ပေါင် ၃၂ သန်းဖြင့် ရောက်လာပြီးနောက် ချဲလ်ဆီးအတွက် ၃၅၂ ပွဲကစားခဲ့ရာမှာ ဂိုး ၁၁၀ သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

image