ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဇနီးလောင်းဂျော်ဂျီနာနှင့် ရုပ်ချင်းဆင်တူမှုကြောင့် နေ့ချင်းညချင်းနာမည်ကြီးသွားတဲ့ Single mum
=================

ကလေးသုံးယောက်အမေဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဇနီးလောင်းဂျော်ဂျီနာရိုဒရီဂွက်ဇ်နှင့် ရုပ်ချင်းခွဲမရအောင် တူနေမှုနှင့်အတူ နေ့ချင်းညချင်းနာမည်ကြီးသွားပါတယ်။
ဗစ်တိုးရီးယားဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဇနီးလောင်း စပိန်/အာဂျင်တီးနားမော်ဒယ်နှင့် ရုပ်ချင်းခွဲမရအောင် တူညီနေကြောင်း ပြောဆိုခြင်းခံရပြီးနောက် ပြီးခဲ့တဲ့လကမှ ဆိုရှယ်မီဒီယာအကောင့်ဖွင့်လှစ်အသုံးပြုလာခဲ့ပါတယ်။
အနက်ရောင်ဆံပင်၊ နှုတ်ခမ်းထူထူနှင့် ဆွဲဆောင်မှုရှိတဲ့ စတိုင်ပိင်ရှင် ဗစ်တိုးရီးယားဟာ ချက်ချင်းဆိုသလိုပဲ TikTok တွင် ပရိသတ်ထောင်ပေါင်းများစွာ ပိုင်ဆိုင်လာခဲ့ပါတယ်။
ဗစ်တိုးရီးယားဟာ တစ်လအတွင်းမှာ TikTok နှင့် အင်စတာဂရမ်တို့တွင် ပရိသတ်ထောင်ပေါင်းများစွာ ပိုင်ဆိုင်လာခဲ့ပါတယ်။
ဘာစီလိုနာတွင် နေထိုင်တဲ့ ဗစ်တိုးရီးယားဟာ AI အသုံးပြုထားမှုကြောင့် ဂျော်ဂျီနာနှင့် တူနေတာလို့ စွပ်စွဲခံခဲ့ရပါသေးတယ်။
အသက် ၃၄ နှစ်ရှိ ကလေးသုံးယောက်မိခင်က သူမဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဇနီးလောင်းနှင့် ရုပ်ချင်းခွဲမရအောင် တူညီနေပေမယ့်လည်း ဘဝချင်း အလွန်ကွာခြားကြောင်း ဆိုသွားပါတယ်။
သူမက "ကျွန်မက အသက်ကြီးနေပြီ။ ဆင်းရဲတယ်။ ဒါပေမယ့် ကျွန်မ ပျော်တယ်"လို့ What’s The Jam သို့ ပြောကြားသွားပါတယ်။
ဗစ်တိုးရီးယားဟာ သား ၂ ဦး၊ သမီး ၁ ဦးတို့နှင့်အတူ ကမ်ဘရေးလ်တွင် နေထိုင်နေပါတယ်။
သူမဟာ သာမန်ဝန်ထမ်းတစ်ဦးမျှသာ ဖြစ်ပေမယ့်လည်း ဂျော်ဂျီနာနှင့် ရုပ်ချင်းတူညီနေမှုနှင့်အတူ အောင်မြင်တဲ့ Influencer တစ်ဦးအဖြစ် ရပ်တည်လာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
သူမက "ဆိုရှယ်မီဒီယာအကောင့်တွေကို Private ပဲ သုံးလာခဲ့တာပါ။ ဒါပေမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ Public ဖွင့်လိုက်တယ်။ ဂီယို(ဂျော်ဂျီနာ)နဲ့ တူတယ်ဆိုတာ လူတွေ အုံးအုံးကြွက်ကြွက်ဖြစ်လာမယ်ဆိုတာ မသိဘဲ ဖွင့်လိုက်တာ။ အရင်တုန်းက လူတွေက ကျွန်မကို ရုပ်တူတယ်လို့ ပြောကြတယ်။ ကျွန်မကလည်း တူတယ် ဘာညာပေါ့။ ဒါပေမယ့် ဒီလိုကြီး ဖြစ်လာမယ်လို့ မထင်ဘူး"လို့ ပြောကြားသွားပါတယ်။
ဒါပေမယ့် ဗစ်တိုးရီးယားက ဂျော်ဂျီနာရဲ့ ပရိသတ်တစ်ဦး မဟုတ်သလို ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပရိသတ်တစ်ဦးလည်း မဟုတ်ပါဘူး။
သူမက "ကျွန်မက ခရစ္စတီယာနိုရော်နယ်ဒိုပရိသတ် မဟုတ်ဘူး။ ဘာအကြောင်းပြချက်မှ မရှိပါဘူး။ ကျွန်မက ဘောလုံးပရိသတ် မဟုတ်တာပါ။ သူ့ကိုတော့ သဘောကျတယ်။ ဒါပေမယ့် ဘောလုံးအကြောင်းဘာမှ မသိဘူး။ ကျွန်မသားတွေပဲ ကစားကြတာ။ သူ့ဘဝ သူ့ကစားသမားဘဝအကြောင်း အင်တာဗျူးတချို့ကို ကြည့်ဖူးတယ်။ သူက ဆုံးဖြတ်ချက်ပြတ်သားတယ်၊ တာဝန်ယူမှုအပြည့်ရှိတယ်၊ စည်းကမ်းရှိတဲ့ လူတစ်ယောက်ဆိုတာတော့ သိထားတယ်။ အံ့မခန်းကစားသမားတစ်ယောက် ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

image