ဘိုဒို/ဂလမ့်အား ရှုံးနိမ့်ပြီးနောက် နော်ဝေအထိ လိုက်ပါအားပေးတဲ့ ပရိသတ်များကို ငွေပြန်အမ်းလာတဲ့ မန်စီးတီးစတားများ
===================

မန်စီးတီးစတားများဟာ ဘိုဒို/ဂလမ့်အား ရှုံးနိမ့်ပြီးနောက် နော်ဝေအထိ လိုက်ပါ အားပေးခဲ့ကြတဲ့ မန်စီးတီးပရိသတ်များအား ပေါင် ၁၀၀၀၀ နီးပါး ငွေပြန်အမ်းလာခဲ့ပါတယ်။
နော်ဝေတွင် ကစားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အား မန်စီးတီးပရိသတ် ၃၈၄ ဦး လိုက်ပါ ကြည့်ရှုအားပေးခဲ့ကြပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ ချန်ပီယံလိဂ်သမိုင်းတွင် မထင်မှတ်တဲ့ ရလဒ်အဖြစ် ဘိုဒို/ဂလမ့်အား ၃-၁ ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။
အာလင်းဟာလန်းဟာ မိခင်နိုင်ငံသို့ ပြန်ချိန်တွင် အရှက်တကွဲ ကြုံခဲ့ရပြီး ရှုံးပွဲအတွက် ပရိသတ်များကို တောင်းပန်ခဲ့သလို အသင်းရဲ့ ခြေစွမ်းအပေါ်တွင်လည်း ဝေဖန်ခဲ့ပါတယ်။
ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာ မန်စီးတီးရဲ့ ကပ္ပတိန်ကော်မတီတွင် ဘာနာဒိုဆေးလ်ဗား၊ ရူဘင်ဒီယာ့စ်၊ ရိုဒရီတို့နှင့်အတူ ပါဝင်နေသူ ဖြစ်ပါတယ်။
Aspmyra Stadium ပွဲစဉ်တွင် ပေါ်တူဂီလက်ရွေးစင် ၂ ဦးတို့ မပါဝင်ကစားခဲ့ခြင်း မရှိပေမယ့်လည်း ၎င်းတိုဟာ နော်ဝေအထိ လိုက်ပါ အားပေးခဲ့ကြတဲ့ ပရိသတ်များကို ငွေပြန်အမ်းရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
၎င်းတို့ဟာ မန်စီးတီးပရိသတ်များအား ပေါင် ၉၃၅၇ ငွေပြန်အမ်းပေးခဲ့ကြပါတယ်။
မန်စီးတီးပရိသတ်များဟာ ကစားသမားများဘက်က ယခုကဲ့သို့ ငွေပြန်အမ်းလာမှုအပေါ် ချီးကျူးဂုဏ်ပြုနေကြပါတယ်။
မန်စီးတီးဟာ စနေနေ့တုန်းက အိုးထရက်ဖို့ဒ် မန်ချက်စတာဒါဘီပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်တွင် ထပ်မံ ရှုံးပွဲကြုံတွေ့လာခဲ့တာပါ။
မန်စီးတီးဟာ ယင်းရှုံးပွဲကြောင့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ရေးအတွက် လာမယ့်အပတ်ဗုဒ္ဓဟူးနေ့တွင် တူရကီထိပ်သီး ဖီနာဘာချီအား မဖြစ်မနေ အနိုင်ယူရန် လိုအပ်နေပါတယ်။

image