မြတ်စွာဘုရားက အမှန်တရားကို ရှာဖွေတဲ့ နေရာ မှာ ဒါတွေနဲ့ မရှာနဲ့တဲ့ .....
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၁)မြတ်စွာဘုရားက အမှန်တရားကို ရှာဖွေတဲ့ အခါ မှာ တစ်ဆင့်ကြားစကားနဲ့ လည်း မရှာနဲ့။
Tradition ဆိုတဲ့အစဉ်အလာနဲ့လည်း မရှာနဲ့။
လူပြောသူပြော ဒီလိုတဲ့ ဆိုတာနဲ့လည်း မရှာနဲ့။
စာထဲမှာပါတယ်ဆိုတာနဲ့လည်း မရှာနဲ့၊ မဆုံးဖြတ် နဲ့။
Logicနည်းနဲ့ လည်း မဆုံးဖြတ်နဲ့။
အနုမာန အတွေးအခေါ်မျိုးနဲ့ လည်း မဆုံးဖြတ်နဲ့။
ကြောင်းကျိုးဆင်ခြင်တဲ့ နည်းနဲ့လည်း မဆုံးဖြတ် နဲ့။
ငါ့အယူဝါဒနဲ့ ကိုက်ညီတယ်ဆိုတာနဲ့ လည်း မဆုံး ဖြတ် နဲ့။
ဖြစ်နိုင်တယ် ဆိုတာနဲ့ လည်း မဆုံးဖြတ်နဲ့။
တို့ဆရာပြောတဲ့စကား ဆိုတာနဲ့လည်း မဆုံးဖြတ် နဲ့။
ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးတော့ဆုံးဖြတ်ပါတဲ့။
(၂)ဆုံးဖြတ်လို့ လက်ခံကျင့်သုံးလို့ အပြစ်ရှိလို့
လက်ခံကျင့်သုံးလို့ မကောင်းကျိုးတွေ ပေးမယ် ဆိုရင်ချက်ချင်း သိတဲ့အချိန်မှာ ချက်ချင်းစွန့်လိုက် ပါ။
(၃) လက်ခံကျင့်သုံးလို့ ကောင်းကျိုးချမ်းသာကို ရမယ်ဆိုရင် ချက်ချင်း ကျင့်သုံးပါ။
(၄) အဲဒီလို မကောင်းတာတွေကို စွန့်ပယ်၊ကောင်း တာတွေကို ကျင့်သုံးတဲ့အခါမှာ အားလုံးအတွက် မေတ္တာ၊ ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ် တရားများ ပွားများအားထုတ်ပြီးတော့နေ ပါ။
(၅) အဲဒီလို အားထုတ်ပြီးတော့ နေလို့ရှိရင် နောင် ဘဝ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊အကုသိုလ် ကံရဲ့ အကျိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှစိတ်ပူစရာမရှိပါဘူးလို့ မြတ်စွာဘုရားက ဒီလိုအဆုံးသတ် ဟောကြားခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ် တို့ ကာလာမသုတ္တန်အတိုင်း မြတ်စွာဘုရား ဟော ကြား ဆုံးမတဲ့တရားကို နာယူမှတ်သားပြီး...
မိမိတို့ဘဝမှာတကယ် ဆင်ခြင်စဉ်းစားရမှာက အပြစ်ရှိတဲ့အရာလား၊အပြစ်မရှိတဲ့အရာလား၊ အကုသိုလ်လား ကုသိုလ်လား၊ပညာရှိတွေ ကဲ့ရဲ့ တဲ့ အရာလား ချီးမွမ်းတဲ့အရာလား လက်တွေ့ ကျင့်သုံးလို့ရှိရင် ကောင်းကျိုးချမ်းသာ ကို ပေး တတ် သလား ဆင်းရဲဒုက္ခကို ပေးတတ် သလား ဆိုတာတွေဖြစ်တယ်။
ဒီ အတိုင်းအတာတွေနဲ့ ဆင်ခြင်သုံးသပ်ပြီး ကိုယ် ပိုင်ဉာဏ်ဖြင့်ဆုံးဖြတ်ကာ လက်တွေ့လိုက်နာ ကျင့်သုံးကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘော ကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင် ကြပါ စေကုန်သတည်း။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#crd