MCEF နှင့် YRYEA တို့ နားလည်မှုစာချွန်လွှာ ရေးထိုး

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) နှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(YRYEA)တို့နားလည်မှုစာချွန်လွှာရေးထိုးပွဲအခမ်းအနားကို ဇန်နဝါရီ၂၀ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည်။
ယင်း အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းYRYEA ဥက္ကဋ္ဌ ဦးသူရိန်အောင်ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ယင်းနောက် နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) မှ ဥက္ကဋ္ဌဦးရှိန်ဝင်းနှင့် အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေးမှလည်းကောင်း၊
ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းYRYEA မှ ဥက္ကဋ္ဌ သူရိန်အောင်နှင့်အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်စုဇင်ဇင်ကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း YRYEA နှင့်
အသင်း ၁၀ သင်း၊ ဘဏ်သုံးဘဏ်၊ကျောင်း ၁၁ ကျောင်းတို့မှ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲသို့ (MCEF)ဒုဥက္ကဋ္ဌများ ဖြစ်ကြသည့် Dr.. ဉာဏ်
သစ်လှိုင်၊ ဦးဝင်းဆွေ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ရည်ဝိုင်းဦး၊ ဗဟိုကော်မတီများဖြစ်သည့်
ဒေါ်မြသောင်းဝေ၊ ဒေါ်ရီရီတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

image