အဂတိလိုက်စားမှု ကျဆင်းစေရေးရန် SMS မှတဆင့် မေးမြန်းနိုင်သည့် အစီအစဉ် အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင် စတင်ဆောင်ရွက်
အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေးရန် ရည်ရွယ်၍ ဖုန်း SMS မှတဆင့် မေးမြန်းနိုင်သည့် အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင်က ယနေ့တွင် အသိပေးကြေညာထားသည်။
အဆိုပါ အစီအစဉ်ကို အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)” ဟုအမည်ပေးထားပြီး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111" အသုံးပြု၍ SMS မှ တဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်သည် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများပိုမိုကောင်းမွန်လာစေရေးနှင့် အဂတိ လိုက်စားမှုများ လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်နေသည့် ကိစ္စရပ်ဖြစ်သောကြောင့် Short Code နံပါတ် "1111" မှတဆင့် SMS ဖြင့် ပေးပို့မေးမြန်းသော မေးခွန်းများကို ပြည်သူများက အကြံပြုဖြေကြားပေးခြင်းဖြင့် အစိုးရဌာန ၊ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ၏ လိုအပ်ချက်နှင့် အားနည်းချက်များကို သိရှိပြုပြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများက သက်သာသောနှုန်းထားဖြင့် SMS များ ပြန်လည်ဖြေကြားပေးနိုင်ရေး ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း အသိပေးထားသည်။