သာကေတမြို့နယ်၊ ရပ်ကွက်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ သာကေတမြို့နယ်၊ ရပ်ကွက်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကို ယနေ့တွင် ၄/ တောင်ရပ်ကွက်၌ ကျင်းပခဲ့သည်။
အဆိုပါ ထမနဲပြိုင်ပွဲကို အသင်းပေါင်း ၁၉ သင်းမှ ယှဉ်ပြိုင်ခဲ့ပြီး ၁၀/ တောင်ရပ်ကွက်မှ ပထမဆု၊ ၂/ တောင်ရပ်ကွက်မှ ဒုတိယဆု ရရှိခဲ့သည်။