Deloitte Money League ရဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအသင်းစာရင်းတွင် ဆိုးဆိုးရွားရွား အဆင့်လျော့ကျလာတဲ့ ယူနိုက်တက်
======================

ငွေကြေးဆိုင်ရာကုမ္ပဏီ Deloitte ရဲ့ လေ့လာဆန်းစစ်မှုအရ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ထူးခြားတာကတော့ လီဗာပူးဟာလည်း ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ လီဗာပူးဟာ ဝင်ငွေ ယူရို ၈၃၆ သန်း(ပေါင် ၇၀၂ သန်း)ဖြင့် အများဆုံး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်မှာ ကလပ်သမိုင်းတွင် မကြုံစဖူး ကွင်းတွင်း ကျရှုံးမှုနှင့် ကြုံခဲ့ရကာ ဝင်ငွေအနည်းဆုံး ရရှိခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဝင်ငွေ ယူရို ၁.၂ ဘီလီယံဖြင့် ဝင်ငွေအများဆုံးရရှိတဲ့အသင်းအဖြစ် ရပ်တည်ခဲ့တာပါ။ ၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်(သို့မဟုတ်) လာလီဂါ မရရှိခဲ့ပေမယ့်လည်း ဝင်ငွေများစွာ ရရှိခဲ့တာပါ။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့ရာသီတုန်းက နူးကမ့်ကွင်းအား အသုံးပြုနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း ဝင်ငွေ ယူရို ၉၇၅ သန်းဖြင့် ဒုတိယနေရာသို့ တက်လှမ်းလာခဲ့ကာ ၂၀၁၉-၂၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး ၃ သင်းစာရင်းဝင်လာပါတယ်။
ဘိုင်ယန်မြူးနစ်က ယူရို ၈၆၁ သန်းဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်ချန်ပီယံ ဘာစီလိုနာက ယူရို ၈၃၇ သန်းဖြင့် စတုတ္ထနေရာမှာ ရပ်တည်နေကာ လီဗာပူးက ပဥ္စမနေရာမှာ ရပ်တည်နေပါတယ်။
ယမန်နှစ်တုန်းက ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ မန်စီးတီးက ဝင်ငွေ ယူရို ၈၂၉ သန်းဖြင့် အဆင့် ၆ သို့အထိ ဆင်းခဲ့ရပါတယ်။
ပရီးမီးယားလိဂ်တွင် အဆင့် ၁၅ နေရာတွင်သာ ရပ်တည်ခဲ့တဲ့ ယူနိုက်တက်ဟာလည်း ဝင်ငွေ ယူရို ၇၉၃ သန်းဖြင့် အဆင့် ၄ မှ အဆင့် ၈ သို့ ဆင်းပေးခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ယခင်တုန်းက ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် ၁၀ ကြိမ်တိုင်တိုင် ရပ်တည်ဖူးတဲ့အသင်းဖြစ်ပြီး နောက်ဆုံးအကြိမ် ရပ်တည်နိုင်ခဲ့တာ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပါတယ်။
ထိပ်ဆုံး ၁၀ သင်းစာရင်းတွင် အာဆင်နယ်က ယူရို ၈၂၂ ဖြင့် အဆင့် ၇ နေရာမှာလည်းကောင်း၊ စပါးစ်က ယူရို ၆၇၃ သန်းဖြင့် အဆင့် ၉ နေရာမှာလည်းကောင်း၊ ချဲလ်ဆီးက ယူရို ၅၈၄ သန်းဖြင့် အဆင့် ၁၀ နေရာမှာလည်းကောင်း ရပ်တည်ခဲ့ပါတယ်။

image