နဝမ အကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးကို မြန်မာက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပ
နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များဆွေးနွေး

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် နဝမ အကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းဝေးကို ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား နားလည်မှုစာချွှန်လွှာအရ ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီအစည်းဝေးကို ၂၀၀၃ ခုနှစ်ကစတင်ပြီး အလှည့်ကျကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံကြားကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုပမာဏ ပိုမိုမြှင့်တင်နိုင်ရေးနည်းလမ်းများ၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ကျန်းမားရေးစသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးမည်ဖြစ်ကြောင်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို လျှော့ချကျော်လွှားနိုင်မည့် နည်းလမ်းကောင်းများကို ဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြောင်းကြောင်း ပြောကြားခဲ့သည်။
ထိုနောက် နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ အသေးစိတ်ဆွေးနွေးထားသည် အစည်းအဝေးမှတ်တမ်းကို နှစ်နိုင်ငံက ကိုယ်စားလှယ်များ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ကုးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးချုပ်များလည်း သက်ဆိုင်ရာ နှစ်နိုင်ငံက ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း၊ ထပ်မံကျင်းပမည့် အစည်းအဝေးကို နယူးဒေလီမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

image