လန်ဒန်မြို့လယ်ခေါင်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ခံရပြီး လအတန်ကြာတွင် ကားနောက်ခန်းမှန် ဖျက်ဆီးခံရမှုနှင့် ကြုံလာရတဲ့ စပါးစ်စတား
====================
စပါးစ်စတားဒီစတီနီအူဒိုဂီဟာ လန်ဒန်မြို့လယ်ခေါင်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ခံရပြီး လအတန်ကြာတွင်ပင် နောက်ထပ် တိုက်ခိုက်မှု တစ်ခု ကြုံလာရပြန်ပါတယ်။
အသက် ၂၃ နှစ်ရှိ စပါးစ်စတားက ပေါင် ၁၅၀၀၀၀ တန်ကြေးရှိ Range Rover ကား နောက်ခန်းမှန် ရိုက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဆိုရှယ်မီဒီယာတွင် တင်လာပါတယ်။
သူဟာ ကားနောက်ခန်းမှန်ရိုက်ခွဲခံရတဲ့ ဖြစ်ရပ်အား ဗီဒီယိုရိုက်ကူးကာ Snapchat တွင် တင်လာတာလည်း ဖြစ်ပါတယ်။
အူဒိုဂီဟာ စနေနေ့တုန်းက ဝက်စ်ဟမ်းနှင့် ပရီးမီးယားလိဂ်ပွဲကစားပြီး အပြန်တွင် ကားနောက်ခန်းမှန် ရိုက်ခွဲခံထားရကြောင်း တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အီတလီနောက်ခံလူဟာ ယင်းပွဲတွင် အရန်လူစာရင်းထဲမှာသာ ပါဝင်ပြီး လူစားဝင်ရောက်ကစားခွင့်တောင် မရခဲ့ပါဘူး။
ပရိသတ်များဟာ ယင်းဖြစ်ရပ်အတွက် အူဒိုဂီအား အားပေးစကားပြောဆိုနေကြပြီး လက်မခံနိုင်စရာ တိုက်ခိုက်မှုအတွက် ဝေဖန်မှုများ ပြုလုပ်နေကြပါတယ်။
သူဟာ ယခုလများအတွင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာပါ။
သူဟာ လွန်ခဲ့တဲ့လအနည်းငယ်ခန့်တုန်းကလည်း လန်ဒန်မြောက်ပိုင်း ဘားနက်ရှိ လူသွားလူလာများပြားတဲ့ လမ်းပေါ်တွင် လမ်းလျှောက်နေစဉ်အတွင်း လက်နက်ကိုင် လူတစ်ဦးရဲ့ သေနတ်ဖြင့် ထိုးချိန် ခြိမ်းခြောက်မှုနှင့် ကြုံခဲ့ရသူ ဖြစ်ပါတယ်။