ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကြေးရုပ်ထုအား မီးရှို့ ဖျက်ဆီးသူအား ရဲတပ်ဖွဲ့ အပူတပြင်း ရှာဖွေနေ
=======================

ရဲတပ်ဖွဲ့ဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ မွေးရပ်မြေ မာဒိုင်ရာကျွန်းမှ ကြေးရုပ်ထုအား မီးရှို့ဖျက်ဆီးခဲ့သူအား အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။
လူငယ်တစ်ဦးဟာ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားရဲ့ ကြေးရုပ်ထုကို မီးလောင်စေတဲ့ အရည်ပက်လောင်းပြီးနောက် မီးခြစ်ဖြင့် မီးရှို့ခဲ့တာ ဖြစ်ပါတယ်။
ယင်းလူငယ်ဟာ ကြေးရုပ်ထု မီးလောင်လာချိန်တွင် နောက်ဆုတ်ပြီး စပီကာမှ ဖွင့်ထားတဲ့ ရက်သီချင်းဖြင့် ကနေခဲ့တာ ဖြစ်ပြီး ယင်းဗီဒီယိုဖိုင်မှာ အွန်လိုင်းတွင် ပျံ့နှံ့နေပါတယ်။
ယင်းလူငယ်က သူ့အကောင့်ကို zaino.tcc.filipe အမည်ဖြင့် ဖွင့်လှစ်ထားတာ ဖြစ်ပြီး ယင်းမီးရှို့တဲ့ ဗီဒီယိဖိုင်အား အင်စတာဂရမ်တွင် တင်ခဲ့ပါတယ်။ ယင်းဗီီဒယိုဖိုင်တွင် “This is God’s last warning @cristiano.” လို့ ရေးသားကာ သတိပေးထားပါသေးတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ရုပ်ထု ဘယ်လောက် ပျက်စီးသွားလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ခရစ္စတီယာနိုရော်နယ်ဒိုကြေးရုပ်ထုဟာ ယခင်တုန်းကလည်း မက်ဆီပရိသတ်များရဲ့ ဖျက်ဆီးခြင်းခံခဲ့ရဖူးပါတယ်။
ကြေးရုပ်ထုဟာ မီးရှို့ခံရပေမယ့် မီးက အလျင်အမြန် ငြိမ်းသပ်သွားတာလည်း တွေ့ရပါတယ်။
လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က ခရစ္စတီယာနိုရော်နယ်ဒိုကြေးရုပ်ထုအား မီးရှို့သူအား အပူတပြင်း ရှာဖွေနေကြောင်း ကြေညာထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကြေးရုပ်ထုဟာ ၂၀၁၆ ခုနှစ်တုန်းက မက်ဆီပရိသတ်များရဲ့ ဖျက်ဆီးမှုများနှင့် ကြုံရပြီးနောက် CR7 Museum အနီးသို့ ရွှေ့ဆိုင်းထားတဲ့ ရုပ်ထု ဖြစ်ပါတယ်။

image