လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀ ဗာရှင်းကို အတူတကွဖန်တီးရန်ဆန္ဒရှိဟု တရုတ်သံအမတ်ကြီးပြော

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀ ဗာရှင်းကို အတူတကွဖန်တီးရန်ဆန္ဒရှိဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia မှ ယနေ့ ဇန်နဝါရီ ၁၉ ရက်ကကျင်းပသည့် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့်ထောက်ပံ့သော “SME များ၏ Eco-Innovation နှင့် Green Practices တိုးတက်ရေး”အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
လန်ချန်း-မဲခေါင် စီမံကိန်းသည် ကောင်းမွန်သောဒေသတွင်း စံပြအကျိုးသက်ရောက်မှုကိုရရှိကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံပူးပေါင်းဆောင်ရွက်မှု၏အောင်မြင်သော စံနမူနာတစ်ခုဖြစ်သည်ဟု ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင် နိုင်ငံများရှိ SME များအား Eco-Innovation နှင့် အစိမ်းရောင် အသွင်ပြောင်းမှုတွင် ပံ့ပိုးပေးရေး၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့်လှစ်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ အစိမ်းရောင်ဆန်းသစ်တီထွင်မှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိသော "လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀ ဗာရှင်း"ကို အတူတကွဖန်တီးရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းသည် လန်ချန်း-မဲခေါင်ဒေသနိုင်ငံများရှိ SME လုပ်ငန်း (၈၀) နီးပါးကို သုတေသနနှင့် အကဲ ဖြတ်ခြင်းပြုလုပ်မှုမှတစ်ဆင့် ဒေသတွင်းအစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီရန် မူဝါဒအကြံပြုချက်များကို အဆိုပြုခဲ့သည်။

image