သွားနာ၊ သွားကို၊က်ခြင်းကို အချိန်တိုအတွင်း သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ
ဆားပြုတ်ရည်
ဆားသည် သဘာဝပိုးသတ်ဆေးတစ်လက်ဖြစ်ပြီး သွားကိုက်ခြင်းအတွက် လွယ်ကူပြီးအစွမ်းထက်သော နည်းတစ်မျိူးဖြစ်ပါတယ်။
ဆား စားပွဲတင်ဇွန်းတစ်ဝက်ကို ရေနွေးတစ်ခွက်ထဲသို့ထည့်ပါ။ ထို့နောက် ပလုတ်ကျင်းဆေးရည်အဖြစ် အသုံးပြုနိုင်ပါပြီ။ သွားကိုက်ခြင်းကိုသက်သာစေပြီး သွားဖုံးယောင်ခြင်းနဲ့ လည်ပင်းနာခြင်းကိုပါ သက်သာစေပါတယ်။
လေးညှင်း
ရှေးနှစ်ပေါင်းများစွာကပင် လေးညှင်းကို သွားကိုက်ခြင်းအတွက် အသုံးပြုခဲ့ကြပါတယ်။ လေးညှင်းမှာ သဘာဝပိုးသ,တ်ဆေးတစ်မျိုး ပါဝင်တဲ့အတွက် သွားကိုက်စေသော ပိုးများကို ေ-သစေပါတယ်။
လေးညှင်းပွင့် အနည်းငယ်ကို ဝါးစားခွငျး၊ လေးညှင်းမှုန့်ကို သွားပိုးပေါက်ပေါ်တွင် အုံပေးခြင်း၊ လေးညှင်းဆီကိုအစက်ချပေးခြင်း ပြုလုပ်နိုင်ပါတယ်။
ရေခဲကပ်ခြင်း
ရေခဲတုံးများကို ပလတ်စတစ်အိတ်တွင် ထည့်ပြီး အဝတ်စဖြင့် ဖုံးအုပ်ပါ။ သွားကိုက်သော နေရာပေါ်သို့ (၁၅) မိနစ်ခန့် ကပ်ပေးပါ။
သွားကိုက်ခြင်းအပြင် သွားဖုံးရောင်ခြင်းကိုလဲ သက်သာစေတယ်နော်။
ကြက်သွန်ဖြူ
ပိုးသ၊တ်အာနိသင်ရော အနာသက်သာသောအာနိသင်ပါ ပြည့်စုံပါတယ်။
ကြက်သွန်ဖြူကိုထောင်းပြီး သွားကို၊က်သောနေရာပေါ်အုံပေးခြင်း (သို့မဟုတ်) ဝါးစားခြင်းကို ပြုလုပ်ပေးပါ။သွားကိုက်မပျောက်မချင်း အသုံးပြုနိုင်ပါတယ်။
မာလကာရွက်
သွားနာခြင်းအပြင် ပါးစပ်အနာများနဲ့ သွားဖုံးရောင်ခြင်းကိုလဲ သက်သာစေပါတယ်။
အရွက်အနည်းငယ်ကို ဝါးစားခွငျး (သို့မဟုတ်) ရေနွေးဆူဆူတွင် မာလကာရွက်ကို ထည့်ပြုတ်ပြိး အအေးခံထားပါ။
ထို့နောက် ဆားအနည်းငယ်ထည့်ပြီး ထိုအရည်ဖြင့် ပလုတ်ကျင်းပေးပါ။ ပိုးသ၊တ်အာနိသင်အပြင်ယောင်ယမ်းခြင်းကိုပါ သက်သာစေသော အာနိသင်လည်းရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီဟာ သွားကို,က်ခြင်းကိုဖြစ်စေသော ပိုးမွှားများကို ေ-သစေနိုင်သော အာနိသင်ရှိပြီး နာကျင်မှုကိုသက်သာစေပါတယ်။
အကောင်းဆုံးနည်းကတော့ ကြက်သွန်နီကို ပါးပါးလှီးပြီး အနာရှိသောဘက်ဖြင့် ဝါးစားပါ။ တကယ်လို့ သွားတအားနာကျင်ပြီး ဝါးမစားနိုင်ပါက ကို၊က်နေသောသွားအပေါ်သို့ ကြက်သွန်နီကို လက်ဖြင့် ဖိအုံပေးပါ။
အားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြရပါစေခင်ဗျာ 🙏

image