ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ရှစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ရယောင်းခရိုင်ရယောင်းမြို့ Huay Pong အိမ်ရာဝင်းအတွင်းရှိ မြန်မာအလုပ်သမား
၅၀ နှင့် ကမ္ဘောဒီးယားအလုပ်သမား၁၅ ဦးကို စစ်ဆေးခဲ့ပြီး ဥပဒေနှင့်မညီသည့် အလုပ်သမား ရှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း ရယောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီ ၁၆ ရက်က ရယောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ရယောင်းခရိုင်ရဲတပ်ဖွဲ့များသည် တရားမဝင် နိုင်ငံခြားသားများအားဝိုင်းဝန်းပိတ်ဆို့ရှာဖွေခြင်းစစ်ဆင်ရေးအဖြစ်၎င်းအိမ်ရာဝင်းအတွင်းဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးချက်အရ နေထိုင်ရာလိပ်စာအကြောင်းမကြားခြင်း (ပုဒ်မ ၃၈)ဖြင့် တစ်ဦး၊ နေထိုင်ခွင့် စည်းကမ်း ချက်များဖောက်ဖျက်ခြင်း/ရက် ၉၀ အစီရင်ခံရန် ပျက်ကွက်ခြင်း (ပုဒ်မ ၃၇)ဖြင့် ငါးဦး၊ တရားမဝင် ခိုးဝင်မှုဖြင့် နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းရှစ်ဦးကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရန် သက်ဆိုင်ရာ စစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းထားကြောင်း သိရသည်။

image