ဖီရန်ဗာရို့စ်ကွင်းလယ်ခံစစ်သမားအဲလက်စ်တော့သ်ကို ပေါင် ၁၀.၄ သန်းဖြင့် ခေါ်ယူရန် ဘုန်းမောက် သဘောတူညီမှုရရှိ
=====================
ဘုန်းမောက်ဟာ ဖီရန်ဗာရို့စ်အလယ်တန်းကစားသမားအဲလက်စ်တော့သ်ကို ပေါင် ၁၀.၄ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
ဟန်ဂေရီကလပ်ဟာ တော့သ်ရဲ့ ခြေစွမ်းအပေါ် မူတည်ပြီး ဘုန်းမောက်ထံမှ နောက်ထပ် ပေါင် ၂.၆ သန်းလည်း ထပ်မံ ရရှိလာပါဦးမယ်။
ကွင်းလယ်ခံစစ်သမားတော့သ်ဟာ ယခုရက်ပိုင်းအတွင်း ဘုန်းမောက်သို့ လာရောက်ကာ ဆေးစစ်ဆေးမှုခံယူကာ အပြောင်းအရွှေ့အား အပြီးသတ်လာပါမယ်။
တော့သ်ဟာ ကစားသမားဘဝတစ်ခုလုံးအား ဟန်ဂေရီတွင် ကျင်လည်လာသူ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်ရှိ ကစားသမားဟာ ဟန်ဂေရီအသင်းအတွက် ၉ ပွဲကစားခွင့်ရထားကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဖီရန်ဗာရို့စ်အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့သူ ဖြစ်ပြီး ယခုရာသီတွင် လိဂ်ပွဲ ၂၅ ပွဲကစားခွင့်ရထားပါတယ်။
ဘုန်းမောက်ဟာ ယခုဆောင်းရာသီ အပြောင်းရွှေ့တွင် ဂိုးသမားဖော်စတာနှင့် နောက်ခံလူအဒီဆိုလန်ကီတို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။