အရက်ကို ဆေးဖြစ်ဝါးဖြစ်
သောက်သုံးရင် သီလပျက်ပါသလား❞
══════════════════
မေး ➡️
အေးသောနိုင်ငံတွေမှာ
အရက်ကိုဆေးဖြစ်ဝါးဖြစ်သောက်သုံးရင်
စောင့်တည်ထားသောသီလပျက်ပါသလားဘုရား?
..
ဖြေ ➡️
မေးတဲ့သူကသောက်နေတယ်ဆိုတာ
ဘုန်းကြီးလည်း နားလည်ပါတယ်။
(ရယ်တော်မူလျက်)
ဒီဥစ္စာနှင့်ပတ်သက်လို့ ဘုန်းကြီးတို့
ဘွဲ့တော့မေ့နေပါပြီ ။
ရဟန္တာမထေရ်တစ်ပါးပဲ
(အရှင်ပိလိဏ္ဍဝစ္ဆမထေရ်)၏ ခေါင်းမှာ
ဦးရင်းနာဆိုတာ ဖြစ်ပေါ်လာပါတယ်။
ဒီ ဦးရင်းနာဆိုတာကို ဘုန်းကြီးတို့ အခုထိမသိပါဘူး၊ ရှေးဆရာတော်ကြီးတွေ ဘာသာပြန်ပဲနော် . . .
အဲဒီ ဦးရင်းနာက ဘာနဲ့ကုမှ ပျောက်သလဲဆိုတော့ . . .ဆီကိုချက်လိုက်ရတယ်။
ဆီချက်ပြီးတဲ့အခါ အရက်နည်းနည်းထဲ့ရတယ်။
အဲဒါကို မှီဝဲမှသာ ဒီရောဂါက ပျောက်ကင်းတယ်။
အဲဒီတော့ ဒီရောဂါပျောက်ရေးအတွက်
အရက်ပါနေတဲ့ အတွက် သုံးစွဲသင့်၊ မသုံးစွဲသင့်။
မြတ်စွာဘုရားကို တင်ပြလျောက်ထားတော့ ဘုရားရှင်က . . .
အဆင်း၊ အနံ့၊ အရသာ မထင်ရှားလျင်
သောက်သုံးပါဆိုပြီး ခွင့်ပေးထားတယ်။
ဒါက မထင်ရှားတဲ့ဟာ . . .
ထင်ရှားတာကိုတော့ မဆိုလိုဘူးနော် . . .
ခုနက အမေးကိုတော့
ထင်ရှား၊ မထင်ရှာ ကိုယ့်ကိုကိုယ်ဆုံးဖြတ်။
ထင်ရှားပါလျက်
ဒါမထင်ရှားပါဘူးလို့တော့ သွားမလုပ်နဲ့
(ရယ်တော်မူလျက်)
နောက်တစ်ခု . . .
ဟင်းတွေပေါ့ .
ဟင်းတွေထဲမှာ ပြဿနာက
ဘုန်းကြီးသိသလောက်ပေါ့နော် .
ဝက်အူချောင်းဘယ်လိုလုပ်သလဲဆိုတာကို
မေးကြည့်လိုက်တော့ သူက
အရက်နဲ့နယ်နေလှန်းထားတော့မှ
ပိုးတွေဘာတွေ မတက်ပဲတာရှည်ခံတယ်။
ဝက်အူချောင်း စားသင့်၊
မစားသင့်ဆိုတာ . . .
အာဟာရနှင့်ပတ်သက်လို့
ဘုရားရှင်ထံတင်ပြလျောက်ထားတော့
ဟင်းထဲမှာ ရောထားသော်လည်း
အရက်၏ အဆင်း၊ အနံ့၊ အရသာ
မထင်ရှားခဲ့လျင် စားခွင့်ကို မြတ်စွာဘုရား
ခွင့်ပြုထားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့
ရဟန်းတွေက ဆွမ်းခံတော့
လူတွေလောင်းသည့် အစာ၊အာဟာရကို စားရတာ။
ဒီအစာ အာဟာရထဲမှ တချို့က
အရက်တွေထည့်ပြီးချက်တာ ရှိတယ်။
ရှိတော့ ဘယ့်နှယ့်လုပ်မလဲဆိုတော့ ...
လောင်းသည့်အထဲ
အရက်ပါလားမသိ၊
မပါလားမသိ။
အရက်၏ အဆင်း၊ အနံ့၊ အရသာ
မထင်ရှားခဲ့လျင် စားခွင့်ကို
မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။
အဲ့ဒါကြောင့် ကိုယ်ကိုကိုယ့်
ဆုံးဖြတ်တော့ပဲ နော် . . .
{ ဖားအောက် တောရ ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ }
လေးစားရသောမူရင်ရသားသူခင်များ
ယခု page မှာ ထပ်မံရှယ်ခွင့်ပြုပါလို့
ခွင့်တောင်းပါရစေ🙏🙏🙏🙏🙏
#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည် #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်