ာသီကုန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ဂလက်စနာ ကြေညာ
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စနာက ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
သြစတြီးယားနိုင်ငံသား ဂလက်စနာ(၅၁ နှစ်)ရဲ့စာချုပ်ဟာ အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာလည်းဖြစ်တယ်။
ဂလက်စနာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး မေဂျာဖလားအဖြစ် ပြီးခဲ့တဲ့ရာသီက FAဖလား ရယူပေး
ခဲ့ပြီး ရာသီကြို ကွန်မြူနတီဒိုင်းကိုလည်း ဆွတ်ခူးစေခဲ့ပါတယ်။
ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက
ဂလက်စနာကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့တာပါ။
ဒါပေမဲ့ ဂလက်စနာက ပြီးခဲ့တဲ့အောက်တိုဘာလမှာပဲ စာချုပ်သစ်မချုပ်တော့ဘူးလို့ အသင်းဥက္ကဋ္ဌ
စတိဗ်ပါရစ်ရှ်ထံ အသိပေးခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းရဲ့အမြဲတမ်းနည်းပြရာထူးအတွက် သတင်းကြီးနေတဲ့ ဂလက်စနာတစ်ယောက်
အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာမလား စောင့်ကြည့်ရပါလိမ့်မယ်။