တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၁၀၀ ကျော်စေလွှတ်ထား

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သမား ၁၁၀၀ ကျော်စေလွှတ်နိုင်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။
ထိုကဲ့သို့ စေလွှတ်ရာတွင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း၊ သစ်တောလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အဓိကထားစေလွှတ်လျက်ရှိကြောင်း သိရသည်။
ယင်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၁၁၆၀ ဦးကိုစေလွှတ်ထားကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့သည် အမှတ်ပေးစနစ်ဖြင့် နိုင်ငံခြားသား အလုပ်သမားများ ခန့်ထားမှုစနစ် (Point System for Recruitment of Foreign Workers)ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

image