မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား ဆင့်ခေါ်တွေ့ဆုံကာ ပြင်းပြင်းထန်ထန်သတိပေး

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား ဆင့်ခေါ်တွေ့ဆုံကာ ပြင်းပြင်းထန်ထန်သတိပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၆ ရက် နေ့လည် ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ခေါ်ယူတွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန်က တီမောလက်စ်တေအစိုးရအနေဖြင့် အာဆီယံ ပဋိညာဉ်နှင့် အာဆီယံ၏ အခြေခံမူများကို လိုက်နာရန် ကတိပြုသည့် ၎င်း၏ ကတိကဝတ်များကို ချိုးဖောက်လျက် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံသည့်ကိစ္စရပ်ကို မြန်မာနိုင်ငံက ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း အသိပေးပြောကြားကာ သတိထောက်လွှာအား ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယခုနှစ် ဇန်နဝါရီ ၁၄ ရက်က တီမောလက်စ်တေ သမ္မတနှင့် ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းတို့ တွေ့ဆုံသည်ဟု သတင်းများထွက်ပေါ်လာအပြီးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သံရုံးယာယီတာဝန်ခံအား ဆင့်ခေါ်တွေ့ဆုံကာ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ကြောင်း အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

image