မရမ်းကုန်းမြို့နယ် ပြည်လမ်းပေါ်တွင် ကားမီးလောင်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် ရန်ကုန်-ပြည်လမ်းပေါ်တွင် မော်တော်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားသဖြင့် နယ်မြေခံမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁နာရီခွဲခန့်က မရမ်းကုန်းမြို့နယ်(၅)ရပ်ကွက် ပြည်လမ်းပေါ်တွင်အိမ်စီးကားတစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ပြီး မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့သည်။
“အခုလောင်တာက Sinotruk VGV U75 Plusအမျိုးအစားလို့ သိရတယ်။ အခန့်မသင့်ရင် EV ဖြစ်ဖြစ်၊ဆီကားဖြစ်ဖြစ် မီးလောင်နိုင်တာပဲလေ၊ သတိရှိဖို့ကအဓိကပါပဲ” ဟု အခင်းဖြစ်စဉ်အား သိရှိသူတစ်ဦးက ပြောသည်။
ကားမီးလောင်မှုကို နယ်မြေခံမီးသတ်စခန်းမှမီးသတ်ကားတစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ
မိနစ်၂၀ ခန့်အကြာတွင် မီးငြိမ်းသွားကြောင်း သိရသည်။