၂၀၂၅ ခုနှစ်အတွင်း ICRC(မြစ်ကြီးနားရုံး)မှ နေရပ်ပြန်အကျဥ်းသား(၁၁၇)ဦးကို အိမ်ပြန်လမ်းစရိတ်များထောက်ပံ့ပေးခဲ့

၂၀၂၅ ခုနှစ်အတွင်း ICRC(မြစ်ကြီးနားရုံး)က ကချင်ပြည်နယ်အတွင်း အကျဥ်းထောင်များမှပြန်လည်လွတ်မြောက်လာသော နေရပ်ပြန်အကျဥ်းသား(၁၁၇)ဦးကို အိမ်ပြန်လမ်းစရိတ်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
"မိမိနေအိမ်သို့ဘေးကင်းစွာပြန်လည်ရောက်ရှိစေရေး အစီအစဉ်ကနေ ICRC ကအကျဉ်းထောင်ကနေလွတ် မြောက်လာသူတွေကို ခရီးစရိတ်ပံ့ပိုးပေးခဲ့ပါတယ်။ ဒီအစီအစဥ်က ဂုဏ်သိက္ခာရှိရှိနဲ့ လမ်းခရီးအဆင်ပြေချောမွေ့ပြီး သူတို့ရဲ့မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့စေနိုင်မှာပါ"ဟု ICRC(မြစ်ကြီးနားရုံး)၏ ဝန်ထမ်းတစ်ဦးကပြောသည်။
ICRC ၏ မိမိနေအိမ်သို့ဘေးကင်းစွာပြန်လည်ရောက်ရှိစေရေးအစီအစဉ်သည် ဖုန်းဆက်သွယ်မှုနှင့် အင်တာနက်လိုင်းဆက်သွယ်မှုအခက်အခဲရှိကာ ခရီးသွားလာစရိတ်ပိုမိုမြင့်မားသည့် ကချင်ပြည်နယ်၌ အကျဥ်းကျခံနေရသူများအတွက် နေရပ်ပြန်နိုင်ရန် အဆင်ပြေစေကြောင်း သိရသည်။
ICRC ၏ကူညီမှုမရရှိခဲ့ပါက နေအိမ်ပြန်ရန်စိတ်ပူနေရပြီး လက်ရှိအချိန်၌ ICRC ၏အကူအညီရရှိခဲ့သဖြင့် မိခင်ဖြစ်သူနှင့်တွေ့ဆုံရန် ရန်ကုန်ပြန်ရတော့မည်ဟု မြစ်ကြီးနားအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံနေရာမှ ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်တိုင်းသို့ပြန်မည့် လွတ်မြောက်လာသူတစ်ဦးကပြောကြားခဲ့ကြောင်း သိရသည်။

image