ရွေးကောက်ပွဲပြီးပါက မကွေးတိုင်းအတွင်း မဲပေးစက်များထိန်းသိမ်းထားသိုမည့်နေရာများကို ကြည့်ရှုစစ်ဆေး
ရွေးကောက်ပွဲအပိုင်း(၃)အား ဇန်နဝါရီ ၂၅ ရက်၌ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပပြီးပါက မကွေးတိုင်းအတွင်းအသုံးပြုခဲ့သည့် MEVM မဲပေးစက်များထိန်းသိမ်းထားသိုမည့်နေရာများကို တာဝန်ရှိသူများမှ ဇန်နဝါရီ ၁၄ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
MEVM မဲပေးစက်များ ထိန်းသိမ်းထားသိုမည့် မင်းဘူးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးဝင်းအတွင်းရှိနေရာများ၊ ပစ္စည်းများသိမ်းဆည်းရန် အခန်းနှင့်နေရာများ ကြိုတင်ပြင်ဆင်နေမှုနှင့် တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှရောက်ရှိလာသော မဲပေးစက်များအား စနစ်တကျသိမ်းဆည်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးအောင်လွင်ဦး (မကွေးတိုင်းဒေသကြီးတာ ဝန်ခံ)တို့နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
မင်းဘူးမြို့၌ MEVM မဲပေးစက်များ ထိန်းသိမ်းထားသိုမည့်နေရာသို့ တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှလာရောက်ပို့ဆောင်လျက်ရှိရာ မင်းဘူးခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာရှိသူများက မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေးပြီး မှတ်တမ်းတင်လက်ခံကာ ပြန်လည်သိမ်းဆည်းခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။