တံကောက်ကြောဒဏ်ရာကြောင့် ၇ ပတ်ကြာ အနားယူလာရမယ့် စပါးစ်စတားရီချာလီဆင်
====================

စပါးစ်တိုက်စစ်သမားရီချာလီဆင်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၇ ပတ်ကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ ဘရာဇီးစတားဟာ ယခုရာသီ ပရီးမီးယားလိဂ် ၂၁ ပွဲတွင် ၇ ဂိုးသွင်းကာ စပါးစ်ရဲ့ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။
သောမတ်စ်ဖရန့်ရဲ့ စပါးစ်ဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၇ ပွဲတွင် ၁ ပွဲတည်းသာ နိုင်ပွဲ ရရှိကာ ဖိအားများအောက် ကျရောက်နေချိန်တွင် ရီချာလီဆင် ဒဏ်ရာရရှိသွားမှုကြောင့် ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
ဒါ့အပြင် ၎င်းတို့ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဗီလာကို ရှုံးနိမ့်ကာ အက်ဖ်အေဖလားမှ ထွက်ခွာထားရသလို ပရီးမီးယားလိဂ်တွင်လည်း အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
ဒါပေမယ့် စပါးစ်ဟာ အလယ်တန်းကစားသမားများဖြစ်ကြတဲ့ လူးကပ်စ်ဘတ်ဗေးလ်နှင့် အိတ်ဗ်ဘစ်ဆူမာ၊ နောက်တန်းအစွန်လူဒီစတီနီအူဒိုဂီ၊ တိုက်စစ်မှူးဒိုမီနစ်ဆိုလန်ကီတို့ ပြန်လည်ကစားလာနိုင်မှုနှင့်အတူ သက်သာရာ ရနေပါတယ်။ ၎င်းတို့ဟာ စနေနေ့ ဝက်စ်ဟမ်းနှင့်ကစားရမယ့် လန်ဒန်ဒါဘီပွဲမှာ ပါဝင်လာဖို့ ရှိပါတယ်။
တဖက်တွင် စပါးစ်ဟာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရမယ့် ဘန်တန်ကော်ရဲ့ နေရာမှာ အစားထိုးနိုင်ရန်အတွက် အက်သလက်တီကိုမှ အင်္ဂလန်ကွင်းလယ်ကစားသမားကော်နာဂယ်လာဂါအား ပေါင် ၃၅ သန်းဖြင့် ခေါ်ယူထားပါတယ်။

image