အာဖရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဆီနီဂေါကို ရှုံးနိမ့်ခဲ့ပေမယ့် အီဂျစ်စတား ဆာလက် လီဗာပူးနှင့် ပြန်လည်ပူးပေါင်းနိုင်ဦးမည်မဟုတ်
====================
အာဖရိကဖလားဆီမီးဖိုင်နယ်တွင် အီဂျစ်တို့ ဆီနီဂေါကို ရှုံးနိမ့်သွားခဲ့ပေမယ့်လည်း လီဗာပူးဟာ မိုဟာမက်ဆာလက် အသင်းနှင့် ပြန်လည်ပူးပေါင်းရေး လာမယ့်အပတ်အထိ စောင့်ဆိုင်းလာရဖို့ ရှိနေပါတယ်။
အီဂျစ်ဟာ ဗုဒ္ဓဟူနေ့တုန်းက မော်ရိုကိုတွင် ဆာဒေယိုမာနေးရဲ့ ဆီနီဂေါအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ဆုဖလားနှင့် ဝေးခဲ့ရပါတယ်။
ယင်းပွဲတွင် ဆီနီဂေါအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဆာဒေယိုမာနေးက သွင်းယူသွားခဲ့တာပါ။ ဆီနီဂေါဟာ လာမယ့် တနင်္ဂနွေနေ့မှာ အိမ်ရှင်မော်ရိုကိုနှင့် ဗိုလ်လုပွဲ ကစားရပါမယ်။
ဆာလက်ဟာ အာဖရိကဖလားပြိုင်ပွဲတွင် ၄ ဂိုးသွင်းယူပြီး အီဂျစ်ကို ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ထားနိုင်ခဲ့ပေမယ့် လက်ရွေးစင်အသင်းနှင့်အတူ ဆုဖလား ဆွတ်ခူးရေး မျှော်လင့်ချက် ပျက်စီးသွားခဲ့ရပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ဆာလက်ဟာ လီဗာပူးအသင်းနှင့် ပူးပေါင်းနိုင်ဦး မဟုတ်သေးပါဘူး။ ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့တဲ့ အီဂျစ်ဟာ စနေနေ့မှာ တတိယနေရာလုပွဲအဖြစ် နိုင်ဂျီးရီးယားနှင့် ကစားရပါဦးမယ်။
ဒါကြောင့်လည်း ဆာလက်ဟာ စနေနေ့ ဘန်လေနှင့် ကစားမယ့် လီဗာပူးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်လာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ လီဗာပူးနှင့် ပူးပေါင်းလာချိန်တွင်လည်း အနားယူရန် လိုအပ်နေသေးတာကြောင့် ဇန်နဝါရီလ ၂၁ ရက်နေ့ ဗုဒ္ဓဟူနေ့တွင် မာဆေးနှင့်ကစားရမယ့်ပွဲကိုလည်း လွဲလာနိုင်ပါသေးတယ်။
သူဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ ဘုန်းမောက်နှင့် ရင်ဆိုင်ကစားရမယ့်ပွဲစဉ်တွင်မှ လီဗာပူးအတွက် ကစားလာနိုင်ဖို့ ရှိပါတယ်။