၂၀၂၆ ASEAN Hyundai Cup အုပ်စုရေးဆွဲပွဲ အခမ်းအနားပြုလုပ်ခဲ့
၂၀၂၆ ASEAN Hyundai Cup အုပ်စုရေးဆွဲပွဲ အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ယနေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အုပ်စု B မှာ ကျရောက်ခဲ့ပြီး ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတွေနဲ့ ရင်ဆိုင်ကစားရပါလိမ့်မယ်။
အုပ်စု A မှာတော့ လက်ရှိချန်ပီယံ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ခြေစစ်ပွဲအောင်အသင်းတို့ အတူကျရောက်နေပါတယ်။
ခြေစစ်ပွဲအဖြစ် ဇွန်လ ၂ ရက်နဲ့ ၉ ရက်မှာ ဘရူနိုင်းနဲ့ တီမောအသင်းတို့ နှစ်ကျော့ယှဉ်ပြိုင်ကစားမှာပါ။
နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ ဇူလိုင်လ ၂၄ ရက်ကနေ သြဂုတ်လ ၂၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
အုပ်စုအဆင့်မှာ မြန်မာအသင်းဟာ အိမ်ကွင်းပွဲအဖြစ် မလေးရှားနဲ့ လာအို၊ အဝေးကွင်းပွဲအဖြစ်
ဖိလစ်ပိုင်၊ ထိုင်းအသင်းတွေနဲ့ ကစားရပါလိမ့်မယ်။
ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကိုတော့ ယခင်ပုံစံအတိုင်း နှစ်ကျော့ကစားမှာ ဖြစ်ပါတယ်။