အန်ဇိုဖာနန်ဒက်ဇ်ကို PSG အသင်းစိတ်ဝင်စား

PSG အသင်းက ချယ်လ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်က ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၁၀၇)သန်းနဲ့
ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ အဓိကကွင်းလယ်လူအဖြစ် ရှိနေပါတယ်။
ဒါပေမဲ့ နည်းပြ မာရက်စ်ကာ ထုတ်ပယ်ခံရပြီးနောက် အန်ဇိုဖာနန်ဒက်ဇ်က သူ့ရဲ့ချယ်လ်ဆီးကစားသမားဘ၀ အနာဂတ်ကို ပြန်လည်စဉ်းစားနေတယ်လို့ သတင်းထွက်နေပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်နဲ့ ချယ်လ်ဆီးအသင်းကြားက အခြေအနေကို PSG အသင်း စောင့်ကြည့်နေပြီး အခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မခေါ်ယူနိုင်လည်း လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူသွားဖွယ်ရှိပါတယ်။

image