နေပြည်တော်အပါအဝင် တိုင်းဒေသနှင့် ပြည်နယ်အချို့တွ င် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုး/ဇလ သတိပေး

ယနေ့ ဇန်နဝါရီ (၁၅) ရက်၌ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်း (၆၀) ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီဌာနက အသိပေးထုတ်ပြန်သည်။
နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ပြီးကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု မိုး/ဇလက ဆိုသည်။
နောက် (၂) ရက်အတွက် ခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကြောင်းလ ည်း အသိပေးထားသည်။

image