1 ပတ် - ဘာသာပြန်ပါ။

ဥရောပထိပ်သီးကလပ်သို့ ပြောင်းရွှေ့လုနီးပါးဖြစ်နေတဲ့ ချဲလ်ဆီးစတားဟောင်းကန်တီ
================

အန်ဂိုလိုကန်တီဟာ လုပ်ခများစွာ လျှော့ယူကာ တူရကီထိပ်သီးဖီနာဘာချီသို့ ပြောင်းရေး အလွန်နီးစပ်နေကြောင်း သိရပါတယ်။
အသက် ၃၄ နှစ်ရှိ ချဲလ်ဆီးနှင့် လက်စတာကွင်းလယ်ကစားသမားဟောင်းဟာ ၂၀၂၃ ခုနှစ်ကတည်းက ကစားလာခဲ့တဲ့ ဆော်ဒီကလပ် Al-Ittihad တွင် တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ အထိ ရရှိနေသူ ဖြစ်ပါတယ်။
သူဟာ ဆော်ဒီတွင် နှစ်နှစ်ကျော်ကြာ ကစားစဉ်အတွင်း ပွဲတစ်ရာကျော် ကစားပြီးနောက် ဥရောပဘောလုံးလောကသို့ ပြန်လည်ခြေချရန် စိတ်အားထက်သန်နေပါတယ်။
Sky Sport Germany ရဲ့ ဖော်ပြလာမှုအရ ပြင်သစ်ကွင်းလယ်ကစားသမားဟာ Al-Ittihad တွင် ရရှိနေတဲ့ လုပ်ခရဲ့ ၈၀ ရာခိုင်နှုန်းအထိ လျှော့ချကာ ဖီနာဘာချီသို့ ပြောင်းရန် မီးစိမ်းပြလာကြောင်း သိရပါတယ်။
ကန်တီဟာ တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ ရရှိနေရာမှာ ဖီနာဘာချီတွင် တစ်ပတ်လုပ်ခ ပေါင် ၈၀၀၀၀ အထိ လျှော့ယူလာရပါမယ်။
ကန်တီဟာ ဖီနာဘာချီရဲ့ အာဆင်နယ်စတားဟောင်းမာတီယိုဂွန်ဒိုဇီအား ပေါင် ၂၄ သန်းအထိပေးကာ ခေါ်ယူလာတဲ့ ရည်မှန်းချက်ကြီးမားမှုအပေါ် သဘောကျကာ ယင်းသို့ ပြောင်းလိုနေတာပါ။
ဒါ့အပြင် ဖီနာဘာချီအသင်းတွင် မန်စီးတီး၊ ပီအက်စ်ဂျီနှင့် ယူနိုက်တက်ကစားသမားဟောင်းများဖြစ်ကြတဲ့ ဖရက်၊ မီလန်စကီနီယာ၊ မာကိုအဆန်စီယို၊ ဂျွန်ဒူရန်တို့ ကစားနေပါတယ်။
သူဟာ လက်စတာနှင့်အတူ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့သလို ချဲလ်ဆီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ ရခဲ့သလို ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားလည်း ဆွတ်ခူးထားနိုင်ပါတယ်။

image