အိန္ဒိယတွင် ဆင်တစ်ကောင်တိုက်ခိုက်မှုကြောင့် ကိုးရက်အတွင်း လူ ၂၀ သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်ပြည်နယ်တွင်တောဆင်ရိုင်းတစ်ကောင် တိုက်ခိုက်မှုကြောင့် ကိုးရက်အတွင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီးအဆိုပါဆင်ကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းတာဝန်ရှိသူများက ဇန်နဝါရီ ၁၂ ရက်တွင် ပြောသည်။
အနောက်ဆင်းဘမ်ခရိုင်ရှိ ချိုင်ဘာဆာနှင့်ကိုလ်ဟန် သစ်တောဧရိယာများတွင် ဇန်နဝါရီ ၁ရက်မှ ၉ ရက်အတွင်း သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါဒေသတွင် လူနှင့် ဆင်အကြား ပဋိပက္ခများ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားနေသည်။
အဓိကအားဖြင့် သစ်တောဖုံးလွှမ်းမှု လျော့နည်းလာခြင်း၊ စားကျက်များ ပျက်စီးခြင်းနှင့် ဆင်
ကျက်စားရာနေရာများအနီး လူသားများ သွားလာလုပ်ကိုင်မှု တိုးပွားလာခြင်းများကြောင့်ဟု တာဝန်ရှိသူများနှင့် သုတေသီများက ပြောသည်။
လက်ရှိတွင် တိုက်ခိုက်ခဲ့သည့် ဆင်ကို ရှာဖွေရန် သစ်တောဝန်ထမ်း ၁၀၀ ကျော် ပါဝင်သည့်
ရှာဖွေရေးလုပ်ငန်းကို လုပ်ဆောင်နေပြီး အဆိုပါဆင်သည် ငယ်ရွယ်သွက်လက်ကာ အထူးသဖြင့်
ညဘက်များ၌ ၎င်း၏တည်နေရာကို မကြာခဏပြောင်းလဲလေ့ရှိသောကြောင့် ခြေရာခံရန် ခက်ခဲ
သည်ဟု တာဝန်ရှိသူများက ပြောသည်။
သေဆုံးသူ ၂၀ ထဲတွင် သစ်တောဝန်ထမ်းတစ်ဦးလည်း ပါဝင်ပြီး နောက်ထပ်သေဆုံးမှုနှင့်
ပစ္စည်းဆုံးရှုံးမှုများ ထပ်မံမဖြစ်ပွားစေရန်အတွက်ဧရိယာတစ်ခုလုံးကို အထူးသတိပေးချက် ထုတ်ပြန်ထားသည်။
သေဆုံးမှုအများစုမှာ ညအချိန် ဒေသခံများ လယ်ကွင်းများနှင့် သိုလှောင်ထားသည့် စပါးများကို စောင့်ကြပ်နေချိန်များတွင်ဖြစ်သွားခဲ့ကြောင်းသိရသည်။

image