ကိုကိုးကျွန်းမှ ဝင်ပြိုင်သည့် ဝန်ကြီးချုပ် ဦးညိုစော အနိုင်ရ

ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း ၂ ၌ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်း မဲဆန္ဒနယ်မှ ရွေးကောက်ပွဲ ဝင်ပြိုင်သည့် ဝန်ကြီးချုပ် ဦးညိုစော အနိုင်ရသည်ဟု ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူများထံမှ သိရသည်။
ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဦးညိုစော ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ သူနှင့်အတူ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်သူ (ရဲမှူးချုပ်ဟောင်း) လည်း အနိုင်ရရှိခဲ့သည်ဟု သိရသည်။
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၁၀၂ မြို့နယ်တွင်ကျင်းပခဲ့ပြီးဖြစ်ကာ အပိုင်း (၂) ကို ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်က မြို့နယ် ၁၀၀တွင် ကျင်းပခဲ့ပြီး ဖြစ်သည်။
ဆက်လက်၍ အပိုင်း (၃) ကိုလည်း ဇန်နဝါရီ ၂၅ ရက်၌ မြို့နယ် ၆၃ မြို့နယ်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

image