ဒိုက်ဦးမြို့နှင့် ဝန်းသိုမြို့တို့၌ ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်

ဒိုက်ဦးမြို့နှင့် ဝန်းသိုမြို့တို့၌ ယနေ့ ဇန်နဝါရီ ၁၂ ရက်က ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယနေ့ ဇန်နဝါရီ ၁၂ ရက်ည ၇ နာရီ ၅၆ မိနစ် ၁၄ စက်က္ကန့်က ဒိုက်ဦးမြို့၏ အနောက်မြောက်ဘက် (၁၃) မိုင်ခန့်အကွာ အနက် (၁၁) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၃ ဒသမ ၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဝန်းသိုမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၀) မိုင်ခန့်အကွာ အနက် (၁၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၄ ဒသမ ၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ယနေ့ ဇန်နဝါရီ ၁၂ ရက်နံနက် ၂ နာရီ ၄၅ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

image