ရွေးကောက်ပွဲ အပိုင်း(၃)ကို တိုင်းနှင့်ပြည်နယ် (၉) ခု က မြို့နယ် (၆၃)မြို့နယ်တွင် ကျင်းပမည်
လာမည့်ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ(၂၅)ရက်၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ် (၉)ခုက စုစုပေါင်းမြို့နယ်(၆၃)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အပိုင်း (၃) တွင် ကချင်ပြည်နယ်မှ ၅ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂ မြို့နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂ မြို့နယ် ၊ တနင်္သာရီတိုင်းဒေသကြီးမှ ၃ မြို့နယ် ၊ ပဲခူးတိုင်းဒေသကြီးမှ ၈ မြို့နယ် ၊ မန္တလေးတိုင်းဒေသကြီးမှ ၈ မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၇ မြို့နယ် ၊ ရှမ်းပြည်နယ်မှ ၉ မြို့နယ် ၊ ဧရာဝတီတိုင်းဒေသကြီးမှ ၉ မြို့နယ် တို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့၌ ကျင်းပခဲ့ပြီးဖြစ်ပြီး အပိုင်း(၂)ကို လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ(၁၁)ရက်နေ့ ၌ ကျင်းပခဲ့ပြီးဖြစ်သည်။
ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းဖြင့် ကျင်းပနေခြင်းဖြစ်ပြီး ရွေးကောက်ပွဲပြီးဆုံးပြီးနောက် မတ်လတွင် လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး ဧပြီလတွင် အစိုးရသစ် တာဝန်များထမ်းဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။