စပိန်စူပါဖလားဗိုလ်လုပွဲရှုံးပွဲအပြီး အဆင့်အတန်းမရှိတဲ့ လုပ်ရပ်အတွက် ဝေဖန်ခံနေရတဲ့ ရီးရဲလ်မက်ဒရစ်
==================

ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာအား စပိန်စူပါဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် ရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်နှင့် အဆင့်အတန်းမရှိတဲ့ လုပ်ရပ်တို့အတွက် အပြင်းအထန်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။
စပိန်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးအသင်းနှစ်သင်းရဲ့ စပိန်စူပါဖလားဗိုလ်လုပွဲတွင် ဘာစီလိုနာက ၃-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ဘာစီလိုနာဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးဆုဖလားအား ဆွတ်ခူးလာခဲ့သလို မားကပ်စ်ရက်ဖိ့ဒ်မှာလည်း ဘာစီလိုနာနှင့်အတူ ပထမဆုံးဆုဖလားအား ရယူလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ စပိန်စူပါဖလားဒုတိယဆုတံဆိပ်အား ဆွတ်ခူးပြီးနောက် ချန်ပီယံဖြစ်သွားတဲ့ ဘာစီလိုနာကစားသမားများအား Guard of Honour ပြုလုပ်ပေးခြင်း မရှိမှုအတွက် အပြင်းအထန် ဝေဖန်လာရခြင်းလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကိုင်လီယန်ဘက်ပေးမှာလည်း ကစားဖော်များအား ဧရိယာအတွင်းမှ ထွက်ခွာကာ ဘာစီလိုနာအား Guard of Honour မပြုလုပ်ရန် လှုံဆော်မှုအတွက် ဝေဖန်မှု ကြုံနေရပါတယ်။
တဖက်တွင် ဘာစီလိုနာဟာ ယခင်တုန်းက ရီးရဲလ်မက်ဒရစ်အား Guard of Honour ပြုလုပ်ကာ ဂုဏ်ပြုပေးဖူးပါတယ်။
ရီးရဲလ်မက်ဒရစ်ကမူ ၎င်းတို့ ကစားသမားများမှာ ကင်မရာရိုက်ကွင်းကြောင့် အခြားဧရိယာသို့ ဖယ်ရှားပေးရန် ဘောလုံးအဖွဲ့ချုပ်က ပြောကြားလာမှုကြောင့် Guard of Honour မပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။
ဒါပေမယ့် ဆိုရှယ်မီဒီယာမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ Guard of Honour မပြုလုပ်ပေးခဲ့မှုအတွက် ပရိသတ်များရဲ့ အပြင်းအထန်ဝေဖန်ခြင်းခံနေရပါတယ်။
ဒါ့အပြင် ကိုင်လီယန်ဘက်ပေးမှာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းလာပြီးနောက် ဆုဖလားပြိုင်ပွဲတိုင်း(၄ လုံး)တို့တွင် ဘာစီလိုနာအား ရှုံးနိမ့်ထားတဲ့ ကျိန်စာဆိုးအား ပိုင်ဆိုင်လာပါတယ်။

image