စိတ်ဓာတ်ပိုင်း တစစီကျိုးပဲ့နေတဲ့ လူစာရင်းကို ကိုင်တွယ်ရမယ်လို့ သတိပေးခံလာရတဲ့ ယူနိုက်တက်ရဲ့ လာမယ့် ယာယီနည်းပြ
=========================
ယူနိုက်တက်ရဲ့ လာမယ့် ယာယီနည်းပြဟာ စိတ်ဓာတ်ပိုင်းတစစီးကျိုးပဲ့ ယူနိုက်တက်ကစားသမားများအား ကိုင်တွယ်လာရမယ်လို့ သတိပေးခြင်းခံလာရပါတယ်။
ယူနိုက်တက်ဘုတ်အဖွဲ့ဝင်များဟာ ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်ရန် ကစားသမားဟောင်းများဖြစ်ကြတဲ့ မိုက်ကယ်ကာရစ်နှင့် အိုလီဂန်းနားဆိုးလ်ရှားတို့အား အင်တာဗျူးပြုလုပ်ထားပြီးဖြစ်ကာ လာမယ့် ၄၈ နာရီအတွင်း ခန့်အပ်လာဖို့ ရှိနေပါတယ်။
လက်ရှိအချိန်တွင် ယူနိုက်တက်ယာယီနည်းပြအဖြစ် ဒါရင်းဖလက်ချာက ကိုင်တွယ်နေပြီး ဘရိုက်တန်အား ရှုံးနိမ့်တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်နှင့် ဘန်လေနှင့် သရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များအား ကိုင်တွယ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာလိုက်ရပြီးနောက် ၁၉၈၁-၈၁ နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖလား ၂ လုံးမှ ပထမဆုံးအဆင့်မှပင် ထွက်ခွာခဲ့ရပါတယ်။
ဖလက်ချာက "ကစားသမားတွေက ကျိုးကြေလွယ်တာ ခင်ဗျားတို့လည်း အမြင်ပါ။ ဒါပေမယ့် သူတို့ တုံ့ပြန်ရပါမယ်။ ယုံကြည်မှုက ဘောလုံးမှာ အရမ်းကို စွမ်းအင်ကြီးမားတဲ့အရာတွေထဲက တစ်ခုပါ။ ဒီမရှိဘူးဆိုရင်တော့ နက်နက်တူးရပါတော့မယ်။ ကြီးကျယ်တဲ့အခိုက်အတန့်မဟုတ်ပါဘူး။ အရိုးသားဆုံးပြောရရင် ဆုဖလားတွေကနေ စောစောစီးစီးထွက်လိုက်ရတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တိုက်ပွဲ ကျန်သေးတယ်"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၇ နေရာတွင် ရပ်တည်နေပြီး အဆင့် ၄ နေရာမှ ချဲလ်ဆီးနှင့် ၃ မှတ်ကွာဟနေသလို ချန်ပီယံလိဂ်ဝင်ခွင့်ရလာနိုင်တဲ့ အဆင့် ၅ နေရာမှ ဘရိုက်တန်နှင့် တစ်မှတ်တည်းသာ ကွာဟနေပါတယ်။
စကော့တလန်အလယ်တန်းကစားသမားဟောင်းဖလက်ချာဟာ ယနေ့ တနင်္လာနေ့တွင် ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ သတင်းပို့ရမှာ ဖြစ်ပြီး စနေနေ့ မန်စီးတီးနှင့် မန်ချက်စတာဒါဘီပွဲအား ကိုင်တွယ်ခွင့်ရ/မရ သိရပါမယ်။