ရပ်နားထားသည့်ယာဉ်ပေါ်မှ အမျိုးသားအလောင်းတွေ့ရှိ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အထက(၁) ကျောင်းရှေ့တွင် ရပ်နားထားသည့်ယာဉ်တစ်စီးပေါ်မှ အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းထံမှသိရသည်။
ယမန်နေ့(ဇန်နဝါရီ ၁၀ ရက်) မွန်လွဲပိုင်းတွင် အမည်းရောင် Solio အမျိုးအစားမော်တော်ယာဉ်တစ်စီးပေါ်မှအပုပ်နံ့ရသဖြင့် ပတ်ဝန်းကျင်နေသူများက သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများကစစ်ဆေးခဲ့ရာ ကားအတွင်းမှအမျိုးသားတစ်ဦးပုပ်ပွပြီးသေဆုံးနေကြောင်းသိရသည်။
"ကြည့်မြင်တိုင်မြို့နယ် အထက-၁ ကျောင်းရှေ့မှာရပ်ထားတဲ့ကားပေါ်မှာ သေဆုံးပုပ်ပွခန္ဓာအားတွေ့ရှိကြောင်း အသင်းရုံကိုအကြောင်းကြားလာတဲ့အတွက် ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံကိုအခမဲ့ ကုသိုလ်ယူပို့ဆောင်ပေးခဲ့ပါတယ်" ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းက လူမှုကွန်ရက်တွင် အသိပေးရေးသားထားသည်။
အဆိုပါ Solio ကားသည်ရပ်နားထားသည်မှာရက်ကြာနေပြီဖြစ်ကြောင်း၊ သေဆုံးသူအမျိုးသားမှာ ကားဝယ်ရောင်းသမားတစ်ဦးဖြစ်ပြီး ပျောက်ဆုံးနေသည်မှာငါးရက်ခန့်ရှိပြီဖြစ်ပြီး သေဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

image