ဒရုန်းပျံသန်းမှုများကို စုံစမ်းစစ်‌ဆေးပေးရန် တောင်ကိုရီးယားကို ကင်ယိုဂျောင် တိုက်တွန်း

မကြာမီက မြောက်ကိုရီးယား လေပိုင်နက်ထဲသို့ ဒရုန်းများ‌ ရောက်ရှိလာခဲ့သော ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ၏ ဩဇာကြီးမားသော ညီမဖြစ်သူ ကင်ယိုဂျောင်က တောင်ကိုရီးယားကို တိုက်တွန်းလိုက်ကြောင်း အစိုးရသတင်းဌာန KCNA က ဖော်ပြသည်။
ရန်စလိုသော ရည်ရွယ်ချက်မရှိကြောင်း တရားဝင် ရပ် တည်ချက်ကို ကြေညာခဲ့သော ဆိုးလ်၏ အမြော်အမြင်ကြီးသော ဆုံးဖြတ်ချက်အတွက် ၎င်းအနေဖြင့် အလေးထားကြောင်း ကင်ယိုဂျောင်က ပြောကြားပြီး ရန်စခဲ့လျှင်လည်း ဆို းရွားသော အခြေအနေ ဖြစ်သွားလိမ့်မည်ဟု သတိပေးသည်။
ယခုလအစောပိုင်းတွင် တောင်ကိုရီးယားမှ ဒရုန်းများ မြောက်ကိုရီးယားထဲသို့ ဝင်ရောက်လာခဲ့ကြောင်းနှင့် စက် တင်ဘာလတုန်းကလည်း အလားတူ ပျံသန်းမှု ဖြစ်ပေါ်ခဲ့သည်ဟု မြောက်ကိုရီးယားစစ်ဘက်က စနေနေ့တွင် ပြောကြားခဲ့သည်။
ထို့နောက်တွင် ၎င်းဒရုန်းများကို တောင်ကိုရီးယားစစ်ဘက်က ပျံသန်းခဲ့ခြင်း မ ဟုတ်ကြောင်း သို့သော် အရပ်သားများက ဒရုန်းများ စေလွှတ်ခဲ့သည်လား ဆို သည်ကို သေချာစွာ စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် လှုံ့ဆော် ရန်စလိုသောရည်ရွယ်ချက် မရှိကြောင်း တောင်ကိုရီးယားက တုံ့ပြန်ခဲ့သည်။
ယင်းကိစ္စနှင့်ဆက်စပ်၍ တောင်ကိုရီးယားမှ ဒရုန်းများ မြောက်ကိုရီးယား လေကြောင်းပိုင်နက်ကို ချိုးဖောက်ခဲ့သည် ဆိုသော အချက်မှာ ရှင်းနေကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် အရပ်သားတစ်ဦးဦးဖြစ်စေ ထို လုပ်ရပ်ကို မည်သူက လုပ်ဆောင်သည်ဖြစ်စေ အ မျိုးသား လုံခြုံရေးအတွက် တာဝန်ရှိသူများ အနေဖြင့်၎င်းတို့၏ တာဝန်မှ ရှောင်လွှဲ၍ မရကြောင်း ကင်ယိုဂျောင်က ပြောသည်။
ထို့နောက် ဒရုန်းပျံသန်းမှုဖြစ်ရပ် စုံစမ်းစစ်ဆေးမှု ရလဒ်များကို အမြန်ဆုံး ထုတ်ပြန်သွားမည်ဟု တောင်ကိုရီးယား အမျိုးသား လုံခြုံရေးဌာနရုံးက ယမန်နေ့တွင် ထုတ် ပြန်သည်။

image