အက်ဖ်အေဖလားသမိုင်းတွင် အကြီးကျယ်ဆုံးမထင်မှတ်တဲ့ ရလဒ်ထွက်ပေါ်မှုအဖြစ် လက်ရှိချန်ပီယံကို အပျော်တမ်းကလပ် မက်ကယ်ဖီးလ်ဒ် အနိုင်ယူလာ
===================

ခရစ္စတယ်ပဲလေ့စ်ဟာ အက်ဖ်အေဖလားသမိုင်းတွင် မဖြစ်နိုင်တဲ့ သမိုင်းကြောင်း နှစ်ခုကို ရေးသားလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အက််အေဖလားဗိုလ်လုပွဲတွင် မန်စီးတီးကို အနိုင်ယူပြီး အလှပဆုံးသမိုင်းကြောင်းကို ရေးသားလာခဲ့သလို ယခု စနေနေ့မှာလည်း အက်ဖ်အေဖလားသမိုင်းတွင် တုန်လှုပ်စရာအကောင်းဆုံးရလဒ်များထဲမှ တစ်ခုအဖြစ် အပျော်တမ်းကလပ် မက်ကယ်ဖီးလ်ဒ်အား ရှုံးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာလာရပြီ ဖြစ်ပါတယ်။
အပျော်တမ်းကလပ် မက်ကယ်ဖီးလ်ဒ်ဟာ ခရစ္စတယ်ပဲလေ့စ်အောက် အဆင့် ၁၁၇ နိမ့်တဲ့ အဆင့်မှာ ရပ်တည်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။
ဒါပေမယ့် မက်ကယ်ဖီးလ်ဒ်ဟာ မနေ့ညက လက်ရှိ ချန်ပီယံအား ဧည့်ခံကစားရတဲ့ပွဲစဉ်တွင် ပထမပိုင်းမှာ ပေါလ်ဒေါ်ဆင်ရဲ့ ခေါင်းတိုက်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းတွင် ဘက်ကလေရစ်ကက်ရဲ့ ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိလာခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ မနေ့ညက ပွဲတွင် အပျော်တမ်းကလပ်နှင့် ရင်ဆိုင်ကစားရပေမယ့်လည်း အခွင့်အရေးများကို အသုံးချနိုင်ခဲ့ခြင်းမရှိဘဲ နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရပါတယ်။
မနေ့ညကပွဲအပြီးတွင် မက်ကယ်ဖီးလ်ပရိသတ်များဟာ ကွင်းအတွင်းသို့ ဆင်းချလာပြီး ကစားသမားများနှင့်အတူ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးအောင်ပွဲများထဲမှ တစ်ခုကို ပျော်ရွှင်စွာ မျှဝေ အောင်ပွဲခံခဲ့ကြပါတယ်။

image