တစ်ပတ်အတွင်း ၂ ကြိမ်တိုင်တိုင် ယာဉ်အမြန်မောင်းမှု ၂ ကြိမ်ပြုလုပ်ပြီးနောက် ယာဉ်မောင်းခွင့် ပိတ်ပင်ခံလာရတဲ့အပြင် ဒဏ်ရိုက်ပါ ခံလာရတဲ့ ဒီကလန်ရိုက်
====================
အာဆင်နယ်စတားဒီကလန်ရိုက်ဟာ တစ်ပတ်အတွင်းတွင် ၂ ကြိမ်တိုင်တိုင် ယာဉ်အမြန်မောင်းမှုကြောင့် ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံလာရပါတယ်။
အင်္ဂလန်အလယ်တန်းကစားသမားဟာ ပြီးခဲ့တဲ့နှစ်အစောပိုင်းတုန်းက ပေါင် ၄၀၀၀၀ တန် Jaguar Land Rover ကားဖြင့် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အင်္ဂါနေ့က Crawley Magistrates Court တရားရုံးချိန်းသို့ ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
Daily Mail ရဲ့ဖော်ပြမှုအရ သူဟာ ၂၀၂၄ ခုနှစ်တုန်းက ဆာရေးရှိ ပေါင် ၃ သန်းတန် နေအိမ်အနီးတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းခဲ့တာ ယာဉ်မောင်းခွင့်အပြင် ဒဏ်ရိုက်ခြင်းလည်း ခံလာရကြောင်း သိရပါတယ်။
အသက် ၂၆ နှစ်ရှိ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၃ ရက်နေ့တုန်းက A217 လမ်းတွင် တစ်နာရီ မိုင် ၃၀ နှုန်းသာ မောင်းနှင်ရမယ့် ဇုန်တွင် ၃၇ မိုင်နှုန်းဖြင့် မောင်းနှင်ခဲ့သလို ၅ ရက်အကြာ ဇန်နဝါရီလ ၈ ရက်နေ့တွင် ယင်းလမ်းပေါ်မှာပင် မိုင် ၄၀ နှုန်းမောင်းနှင့်ရမယ့် ဇုန်တွင် ၄၉ မိုင်နှုန်းမောင်နှင်ခဲ့တာပါ။
ရိုက်ဟာ ယာဉ်မောင်းခွင့် ၆ လပိတ်ပင်ခြင်းခံလာရသလို ပေါင် ၂၁၈၅ ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် သူဟာ ငွေကြေး ဒဏ်ကြေး ပေါင် ၁၅၀၀၊ အပိုကြေး ပေါင် ၆၀၀ နှင့် တရားရုံးစရိတ် ၈၅ ပေါင်လည်း ပေးရပါဦးမယ်။
ဒီကလန်ရိုက်ဟာ ကွင်းပြင်ပမှာ ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံလာရပေမယ့်လည်း ယခုရာသီတွင် အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေး အခြေအနေကောင်းနေပါတယ်။
ဒါ့အပြင် အာဆင်နယ်ဟာ တနင်္ဂနွေနေ့တွင် ၁၅ ကြိမ်မြောက် အက်ဖ်အေဖလား ဆွတ်ခူးရေး တတိယအဆင့်ပွဲစဉ်အဖြစ် ပို့စ်မောက်နှင့် ရင်ဆိုင်ကစားရပါမယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်တွင်လည်း ရာနှုန်းပြည့်နိုင်ပွဲရထားပါသေးတယ်။