ဘုတလင်မြို့၌ မဲဆန္ဒရှင်များထံ မဲစာရင်းအမှတ်စဉ်နှင့်မဲရုံအမှတ်ဖြတ်ပိုင်းများ အိမ်တိုင်ရာရောက် ဖြန့်ဝေပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ရှိ မဲဆန္ဒရှင်များထံ မဲစာရင်းအမှတ်စဉ်နှင့်မဲရုံအမှတ်ဖြတ်ပိုင်းများ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ယခုလ (၁၁)ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အချိန်ကြန့်ကြာမှုမရှိစေရန်နှင့် ဆန္ဒမဲပေးရာတွင် လွယ်ကူလျင်မြန်စေရေးနှင့် မဲဆန္ဒရှင်များ၏ မဲစာ ရင်းအမှတ်စဉ်များ ကြိုတင်သိရှိနိုင်ရေးတို့အတွက် ဘုတလင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ အဖွဲ့ဝင်များ ၊ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် တိုကင်စာရွက်များ လိုက်လံပေးဝေခြင်းဖြစ်သည်။
အဆိုပါ တိုကင်စာရွက်များတွင် မဲရုံအလိုက် မဲဆန္ဒရှင် အမည်၊ အဘအမည်၊ မဲစာရင်းအမှတ်စဉ်နှင့် မဲရုံအမှတ်ပါရှိသော စာရွက်ဖြတ်ပိုင်းများကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။