မတော်ရာကို ကန်ချက် ထိမှန်ပြီးနောက် ချက်ချင်းလူစားလဲခဲ့ရတဲ့ ချဲလ်ဆီးစတားအင်ဒရေဆန်းတို့စ်
=====================

ချဲလ်ဆီးစတားအင်ဒရေဆန်းတို့စ်ဟာ ဖူလ်ဟမ်နှင့် ဒါဘီပွဲစဉ်တွင် မတော်ရာကို ကန်ချက် ထိမှန်ပြီးနောက် ချက်ချင်း လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
သူဟာ မတော်ရာကို ဘောလုံးထိမှန်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင်ပင် လူစားလဲလှယ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဟယ်ရီဝီလ်ဆင်ရဲ့ ဖရီးကစ်က ရာအူးလ်ဂျေမီနက်ဇ်ထံသို့ ရောက်သွားပြီး ကန်လာချိန်တွင် ဆန်းတို့စ်ရဲ့ မတော်ရာကို ထိမှန်သွားခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ရတနာရွှေဥကို ဖမ်းအုပ်ကို ကွင်းမြက်ခင်းတွင် လဲကျသွားခဲ့ပါတယ်။
ယင်းနောက် ချက်ချင်းဆိုသလိုပဲ ချဲလ်ဆီးယာယီနည်းပြကာလမ်မက်ဖာလိန်းက ဆန်းတို့စ်အား လူစားလဲလှယ်လာပါတယ်။
မနေ့ညကပွဲတွင် ချဲလ်ဆီးဟာ ပွဲချိန် ၂၂ မိနစ်တွင် ကူကူရယ်လာ အနီကတ်ပြထုတ်ပယ်ခြင်းခံရလို့ တစ်ယောက်အလျှော့ဖြင့် ကစားသွားခဲ့ရပြီး ဖူလ်ဟမ်ကို ၂-၁ ဖြင့် အရေးနိမ့်သွားခဲ့ပါတယ်။
ကူကူရယ်လာရဲ့ အနီကတ်က ယခုရာသီ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်တွင် ၅ ကြိမ်မြောက် အနီကတ်လည်း ဖြစ်ပါတယ်။
အင်ဒရေဆန်းတို့စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက စထရာဘော့သို့ အငှားဖြင့် သွားရောက်ကစားစဉ် ချဲလ်ဆီးနည်းပြသစ်လီယမ်ရိုစီနီယာရဲ့လက်အောက်တွင် ကစားခဲ့သူ ဖြစ်ပြီး ၄၃ ပွဲကစားခဲ့ရာမှာ ၁၁ ဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဆန်းတို့စ်ဟာ နည်းပြလီယမ်ရိုစီနီယာလက်အောက်တွင် ချဲလ်ဆီးရဲ့အရေးပါတဲ့ ကစားသမားဖြစ်လာမယ်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။

image