ဂရင်းလန်းကို ထိန်းချုပ်ခွင့်ရှိဟု ထရမ့် ထပ်မံပြောဆို
----------------------------
အမေရိကန်က ဂရင်းလန်းကျွန်းကို ထိန်းချုပ်ခွင့် ရှိရမယ်လို့ ထပ်မံပြောဆိုခဲ့ပြီးနောက် ဥရောပ မဟာမိတ် ၆ နိုင်ငံ က ဒိန်းမတ်နိုင်ငံဘက်က ရပ်တည်ထောက်ခံတယ်လို့ ထုတ်ပြန်လိုက်တာကို Reuters သတင်းမှာ ဖော်ပြထားပါ တယ်။
ဂရင်းလန်းကျွန်းကို သူ့ပြည်သူတွေ ပိုင်ဆိုင်ပြီး ဒိန်းမတ်နဲ့ ဂရင်းလန်းကျွန်းတို့ကသာ ဒီကိစ္စရပ်တွေကို ဆုံးဖြတ်နိုင်တယ်လို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်နဲ့ ဒိန်းမတ် ၇ နိုင်ငံ ခေါင်းဆောင်တွေက ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဒေါ်နယ်ထရမ့်ကနေ နေတိုး အဖွဲ့ ဝင် ဒိန်းမတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ဂရင်းလန်းကျွန်းကို အမေရိကန် အနေနဲ့ လုံခြုံရေး အခြေအနေကြောင့် လိုအပ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သမ္မတထရမ့်က ဂရင်းလန်း ကျွန်းကို ထိန်းချုပ်ဖို့ အင်အားသုံးတာကို ဖယ်မထားဘူးလို့ ပြောဆိုလိုက်ပြီးနောက် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က အမေရိကန်က တိုက်ခိုက်မယ်ဆိုရင် နေတိုးအဖွဲ့ အဆုံးသတ် လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ဗင်နီဇွဲလားကို အမေရိကန်စစ်တပ်က စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဟာ ဂရင်းလန်းကျွန်းကိုလည်း ထိန်းချုပ်ဖို့ အင်အားသုံး ထိန်းချုပ်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။