၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ရောက်ရှိလာပြီး ဇန်နဝါရီ(၉)မှာ စတင်ယှဉ်ပြိုင်ရမယ်

မော်ရိုကိုနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲက ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာပြီဖြစ်ပြီး ဇန်နဝါရီ(၉)ရက်မှာ စတင်ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
ကွာတားဖိုင်နယ်အဆင့်ကို အိမ်ရှင် မော်ရိုကိုအသင်းနဲ့အတူ မာလီ၊ ဆီနီဂေါ၊ ကင်မရွန်း၊ အယ်လ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား၊ အီဂျစ်၊ အိုင်ဗရီကို့စ်တို့ တက်ရောက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ(၉)ရက်မှာ မာလီ - ဆီနီဂေါ၊ ကင်မရွန်း - မော်ရိုကို၊ ဇန်နဝါရီ(၁၀)ရက်မှာ အယ်လ်ဂျီးရီးယား - နိုင်ဂျီးရီးယား၊ အီဂျစ် - အိုင်ဗရီကို့စ်ပွဲတွေ ယှဉ်ပြိုင်ကစားရမှာပါ။
ဆီမီးဖိုင်နယ်ကို ဇန်နဝါရီ(၁၄)၊ တတိယလုပွဲကို ဇန်နဝါရီ(၁၇)နဲ့ ဗိုလ်လုပွဲကို ဇန်နဝါရီ(၁၈)မှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အိမ်ရှင်မော်ရိုကိုအသင်းက ချန်ပီယံဆုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး (၂း၁)လေး အလေးပေးခံထားရပါတယ်။
ဆီနီဂေါက (၄း၁)လေး၊ နိုင်ဂျီးရီးယားက (၁၁း၂)လေးရရှိထားပြီး ပြိုင်ပွဲရဲ့အအောင်မြင်ဆုံး အီဂျစ်အသင်းကတော့ အယ်လ်ဂျီးရီးယားနဲ့အတူ (၉း၁)လေးသာ ရရှိထားကြောင်း သိရပါတယ်။

image