မြန်မာ ယူ- ၁၆ ဖူဆယ်အသင်းကို ဆုကြေးငွေ ကျပ် သိန်း (၇၁၀) ချီးမြှင့်
၂၀၂၅ အာဆီယံ ယူ- ၁၆ ဖူဆယ်ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့တဲ့ မြန်မာ ယူ- ၁၆ လူငယ်ဖူဆယ်အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ဦးဆောင်ပြီး ဆုကြေးငွေ ကျပ် သိန်း (၇၁၀) ချီးမြှင့်ခဲ့ပါတယ်။
ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ (၆) ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏ MFF Futsal Stadium မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြန်မာ ယူ- ၁၆ လူငယ်ဖူဆယ်အသင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျပ်သိန်း (၁၀၀)၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း (၂၀၀)၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်က ကျပ်သိန်း (၁၀၀)၊ MIU အသင်းပိုင်ရှင် ဦးဖြိုးမောင်မောင်က ကျပ်သိန်း (၁၀၀)၊ YRG အသင်းပိုင်ရှင် ဦးထက်ရဲနောင်က ကျပ်သိန်း (၁၀၀)၊ TG United အသင်းပိုင်ရှင် ဦးရွှေတောက်က ကျပ်သိန်း (၁၀၀)၊ မိသားစုပရိဘောဂလုပ်ငန်း(ဦးကျော်မြင့်ဦး+ဒေါ်ဖြူဖြူဝင်း) က ကျပ်သိန်း (၁၀) သိန်း စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း (၇၁၀) ကို ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ဟာ အာဆီယံ ယူ- ၁၆ ဖူဆယ်ပြိုင်ပွဲကို ပထမဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ ယူ- ၁၆ ဖူဆယ်အသင်းဟာလည်း ပထမဆုံးဖွဲ့စည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ်။